🇲🇲 Venus Retrograde is Testing Your Patience (And Your DMs 😏) (Copy)

ကျွန်မ astrology ကို ဝါသနာအရ လေ့လာနေတာ ငါးနှစ်ကျော်လောက် ရှိပါပြီ။ ဒါတောင်မှ တစ်နှစ်မှာ 3 - 4 ကြိမ်လောက် အဖြစ်များတဲ့ Mercury Retrograde မှာပဲဖြစ်ဖြစ်၊ 12 လ ဒါမှမဟုတ် 18 လ လောက်နေမှ တစ်ခါဖြစ်တတ်တဲ့ Venus နဲ့ Mars Retrograde တွေမှာပဲဖြစ်ဖြစ် ... ဒီလို retrograde တွေ ကြုံရတိုင်း ကျွန်မကိုယ်ကျွန်မ reality TV show တစ်ခုထဲကို ရောက်သွားသလို ခံစားရတယ် 😂 

Love Island ကို ကြည့်ဖူးတယ်ဆိုရင် retrograde တွေက အတိအကျကို အဲ့ဒီလိုမျိုးပါပဲ။ ရုတ်တရက် ပျော်နေ၊ ကြည်နူးနေတာကနေ ခဏကြာတော့ မထင်မှတ်ထားတာတွေ ဖြစ်လာတာမျိုးပေါ့။ နှစ်တွေအကြာကြီး အဆက်အသွယ်ပြတ်နေတဲ့ တစ်ယောက်ယောက်က ကိုယ့်ဆီကို "Hey...နေကောင်းလား" ဆိုပြီး ရုတ်တရက် message ပို့လာတာမျိုးလေ။ ပြောရမယ်ရင် retrograde တွေက အတိတ်က လူတွေကို ကိုယ့်ဘဝထဲကို ပြန်ခေါ်လာတတ်ပါတယ်။

အရင်အပတ်တုန်းက ပို့ထားတဲ့ email မှာ ကျွန်မ Venus Retrogrades ရဲ့ Pre-Shadow Phase အကြောင်း ရှင်းပြခဲ့ပါသေးတယ်။ ကျွန်မရဲ့ email ကို ဖတ်ပြီး Ma Arabelle ကတောင် သူနဲ့ နှစ်တော်တော်ကြာ စကားမပြောဖြစ်တဲ့သူတစ်ယောက်က သူ့ဆီကို message ပို့လာတယ် ဆိုပြီး ပြောပြနေသေးတယ်။ ဒါက ကျွန်မပြောနေတဲ့ အတိတ်က လူတွေ ပြန်လာတတ်တယ်ဆိုတာကို  á€Ąá€á€­á€Ąá€€á€ťá€žá€€á€şá€žá€ąá€•á€źá€œá€­á€Żá€€á€şá€á€Źá€•á€Ťá€•á€˛ 😂

ဒါဆို retrograde တွေမှာ ဘာတွေဖြစ်တတ်လဲ၊ ကိုယ့်ရဲ့ energy က ပရမ်းပတာ ဖြစ်နေတယ်ဆိုရင် ဘယ်လို shift လုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

🔮 Back to Basics: What Even Is a Retrograde?

Social media မှာ astrology အကြောင်း ရေးထားတဲ့ post တွေကို ဖတ်ဖူးတယ်ဆိုရင် Mercury Retrograde ကို လူတွေ အပြစ်တင်နေကြတာကို တွေ့ဖူးပါလိမ့်မယ်။ သူက တစ်နှစ်မှာ á€Ąá€–ဟစ်မဝဏးဆုလး retrograde ဖြစ်ပြီး Wi-Fi မကောင်းတာက စလို့ တစ်ဖက်လူက စာမပြန်တာ၊ အတိတ်က ရည်းစားဟောင်းတွေ ပြန်လာတာ၊ ဒါမှမဟုတ် လူတွေနဲ့ ပြောဆိုရခက်တာတွေအထိ အပြစ်တင်လေ့ရှိကြပါတယ်။

ဒါဆိုရင် Retrograde ဆိုတာက ဘာလဲ?

Retrograde ဆိုတာက ကျွန်မတို့ ကမ္ဘာကနေ ကြည့်လိုက်တဲ့အခါ ဂြိုဟ်တစ်ခုက နောက်ပြန်သွားနေတယ်လို့ ထင်ရတဲ့ အချိန်တွေမှာ ဖြစ်ပေါ်လာတာပါ။ တကယ်တော့ ဂြိုဟ်တွေက နောက်ပြန်မသွားပါဘူး။ သူတို့က နှေးကွေးစွာ လှည့်ပတ်နေတာကြောင့် နောက်ပြန်သွားနေတယ်လို့ ထင်ရပြီး တစ်ခါတလေမှာ အချိန်ရဲ့ လှုပ်ရှားပုံတွေက နှေးကွေးတယ်လို့ ခံစားမိကြတာပါ။ ကျွန်မတို့ ပို့ပေးနေကျ Letters from Arabelle email တွေကို မလွတ်တမ်း ဖတ်နေတယ်ဆိုရင် January လက တစ်နှစ်လောက် ကြာသလို ခံစားရတယ်ဆိုပြီး ကျွန်မပြောခဲ့တာကို မှတ်မိလောက်မယ်လို့ ထင်ပါတယ် 😂။ အဲ့ဒီအချိန်တုန်းက Mars Retrograde ဖြစ်နေတာကြောင့် အဲ့လို ခံစားခဲ့ရတာပါ။

✨ Venus Retrograde 101

Venus ဂြိုဟ်က ချစ်ခြင်းမေတ္တာ၊ ဆက်ဆံရေး၊ ပျော်ရွှင်မှုနဲ့ အလှအပတွေကို ကိုယ်စားပြုတဲ့ ဂြိုဟ်ဖြစ်ပါတယ်။ Venus ဂြိုဟ် ပုံမှန်ရွေ့လျားနေတဲ့အချိန်မှာဆိုရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုတွေ၊ ကိုယ့်ရဲ့ ဆက်ဆံရေးတွေ၊ ဖန်တီးနိုင်စွမ်းတွေက ချောချောမွေ့မွေ့ရှိနေပြီး ဘဝက အဆင်ပြေနေတတ်ပါတယ်။

ကိုယ့်ရဲ့ ဆက်ဆံရေးတွေမှာ show up လုပ်နေတဲ့ ပုံစံတွေ၊ ကိုယ်ကိုယ်တိုင်နဲ့ ပတ်သက်ပြီး ဘယ်လို ခံစားနေရလဲဆိုတာတွေကို ပြန်သုံးသပ်ဖို့ အခွင့်အရေး ပေးတတ်ပါတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် အတင်းအကျပ်ကို character development လုပ်ခိုင်းနေသလိုပါပဲ 😂။

ဒီ Venus Retrograde က 1 March 2025 ကနေ 12 April 2025 အထိပဲ ဆိုပေမယ့် 28 January ကတည်းက ကျွန်မတို့တွေ Pre-Shadow Phase ထဲကို ရောက်နေတာပါ။ ဒါကြောင့် ကိုယ့်မှာ ထူးဆန်းတဲ့အရာတွေဖြစ်နေပြီဆိုရင် ဂုဏ်ယူလိုက်ပါ။ ရုပ်ရှင်တစ်ကားလုံး မပြသေးခင် ကြိုပြီး trailer ကြည့်နေရသလိုပါပဲ 😂။

📉 What Can I Expect?

1️⃣ Exes, Old Friends & Ghosts from the Past

အတိတ်တုန်းက ကိုယ့်ဆီက ထွက်သွားတဲ့ သူတစ်ယောက်က Venus Retrograde အတွင်းမှာ ရုတ်တရက် ပြန်ပေါ်လာတယ်ဆိုရင် ဒါက တိုက်ဆိုင်မှု သက်သက်ပဲ မဟုတ်ပါဘူး။ အမြဲတမ်းလိုလို ဒီ retrograde တွေက ကျွန်မတို့ရဲ့ အတွင်းနက်နက်ထဲကို ပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ဖို့ တွန်းအားပေးနေတာဖြစ်တဲ့အတွက် ... ဒီသုံးသပ်မှုတွေကနေ ကိုယ် နားလည်သွားတဲ့၊ မြင်သွားတဲ့အရာတွေပေါ်မူတည်ပြီးမှ သူတို့နဲ့ ပြန်ဆက်သွယ်သင့်၊ မသင့် ကို ဆုံးဖြတ်နိုင်ပါတယ်။ 


ကျွန်မ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် သေချာ ပြန်သုံးသပ်ရတဲ့အချိန်တွေ ရှိခဲ့တယ်။ ဒီတစ်ခေါက် retrograde မှာဆိုရင် ကျွန်မရဲ့ ရည်းစားဟောင်းက စပြီး မဆက်သွယ်ခင်မှာ ကျွန်မဖက်က အရင် သူ့ဆီ ပြန်သွားမိတော့မလိုပါ ဖြစ်ခဲ့သေးတယ် 😂။ ဒါပေမဲ့ ကျွန်မ ခြေတစ်လှမ်း ပြန်ဆုတ်ပြီး "ငါ သူနဲ့ တကယ် အတူတူ ပြန်ရှိချင်တာလား၊ ဒါမှမဟုတ် အတိတ်က အမှတ်တရတွေကို လွမ်းနေတာလား" ဆိုတာကို ကိုယ့်ကိုယ်ကိုယ် သေချာ ပြန်မေးခဲ့ရပါတယ်။ 

2️⃣ Relationships in Slow Motion

Relationship အသစ်တွေ ဒါမှမဟုတ် လက်ရှိ ရှိနေပြီးသား relationship တွေက ကိုယ် ထင်သလောက် ခရီးမရောက်သေးသလို၊ တစ်ခုခုမှားယွင်းနေသလို၊ ရှုပ်ထွေးနေသလိုမျိုး ခံစားကောင်း ခံစားရနိုင်ပါတယ်။ ကိုယ် အခုလက်ရှိ ပတ်သက်နေတဲ့သူနဲ့ ဘယ်လို relationship မျိုး ဖြစ်နေလဲဆိုတာကို မေးခွန်းထုတ်နေမိတယ်ဆိုရင် ဒါက မျက်စိစုံမှတ်ပြီး ရှေ့ဆက်သွားနေတာထက် ခဏလောက်ရပ်ပြီး အခြေအနေတွေကို သေချာ အကဲဖြတ်ကြည့်ဖို့ အချက်ပြနေတာပါ။ Retrograde တွေ...အထူးသဖြင့် Venus Retrograde က ဆက်ဆံရေးတစ်ခုကို အလျင်စလို စတင်ဖို့ ကောင်းတဲ့ အချိန်မျိုး မဟုတ်ပါဘူး။

3️⃣ Self-Worth Check-in (Hello, Shadow Work 👀)

ကျွန်မကတော့ retrograde တွေက ကိုယ့်ရဲ့ ပြင်ပက ဆက်ဆံရေးတွေကိုတင် မကဘဲ ကိုယ်နဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ဆက်ဆံရေးကိုပါ မြင်အောင် ကြည့်တတ်ဖို့ သင်ပေးနေတယ်လို့ ယုံကြည်ထားပါတယ်။ ကိုယ့်အနေနဲ့ ဘယ်အရာတွေကို ပြန်သုံးသပ်လို့ ရနိုင်မလဲဆိုတော့...

✅ ကိုယ့်ရဲ့ အချစ်ရေးနဲ့ မိတ်ဆွေ သူငယ်ချင်း စတဲ့  ဆက်ဆံရေးတွေမှာ ဘယ်လိုပုံစံမျိုးနဲ့ show up လုပ်နေမိသလဲ?
✅ ဆက်ဆံရေးတိုင်းမှာ ကိုယ် တကယ်တန်ဖိုးထားတဲ့အရာတွေက ဘာတွေလဲ?
✅ ကိုယ်နဲ့ မထိုက်တန်တဲ့ relationship တွေမှာ သည်းခံပြီး နေနေမိသလား? 
✅ အတိတ်က ဆက်ဆံရေးပုံစံတွေက အခုလက်ရှိမှာ ကိုယ့်ကို ဘယ်လိုလူမျိုး ဖြစ်လာစေခဲ့သလဲ?...

ဒီမေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် သေချာပြန်မေးကြည့်လို့ ရပါတယ်။

🫶🏻 Do’s & Don’ts

💓 Reflect, don’t react - တကယ်လို့ ကိုယ့်ရဲ့ အတိတ်က လူတစ်ယောက် ပြန်ပေါ်လာရင် " သူတို့ကို တကယ် လွမ်းနေတာလား ဒါမှမဟုတ် ကိုယ့်ရဲ့ စိတ်ကူးထဲက သူတို့ပုံစံကို လွမ်းနေတာလား" ဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင် မေးကြည့်ပါ။

💖 Reassess Relationships - ကိုယ့်ရဲ့ အချစ်ရေး၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေအပြင် ကိုယ်ကိုယ်တိုင်နဲ့ ဆက်ဆံရေးကိုပါ အတွင်းနက်နက်ထဲအထိ သေချာ ပြန်ကြည့်ပြီး ကိုယ့်အနားမှာ ရှိနေတဲ့ သူတွေ၊ အရာတွေက ကိုယ် ဖြစ်လာချင်တဲ့ သူမျိုးနဲ့ ကိုက်ညီမှု ရှိ၊မရှိကို မြင်အောင် ကြည့်ပါ။

💖 Slow Down & Observe - အခုအချိန်က ဆက်ဆံရေးအသစ်တစ်ခုကို အလျင်စလို စတင်ဖို့၊ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့ ကောင်းတဲ့ အချိန်မျိုးမဟုတ်ပါဘူး။ အချိန်တစ်ခုရောက်တဲ့အခါ အရာအားလုံးက သူ့အလိုလို ဖြစ်လာမှာ ဖြစ်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ စောင့်ပါ။

💖 Reignite Self-Love - Venus Retrograde က Universe ကနေ ကိုယ့်ကိုယ်ကိုယ် မြင်အောင် ကြည့်ဖို့ ပြနေတဲ့ မှန် တစ်ချပ်လိုမျိုးပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပါ။ အတိတ်က စိတ်ဒဏ်ရာတွေကို ကုစားပါ။ ကိုယ့်ရဲ့ စံနှုန်းတွေကို မြှင့်တင်ပါ။ 

💖 Trust the Process - ရှေ့ရက်တွေတုန်းက ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ကို 

" ငါ relationship တစ်ခု လိုချင်ပြီ " လို့ ပြောတော့ သူက " နင့်ရဲ့ process ကို ယုံကြည်ပါ " ဆိုပြီးပဲ ပြန်ဖြေခဲ့တယ်။ ကျွန်မတောင် သူ့ကို " ငါ့ရဲ့ process က အလုပ်မှ လုပ်မနေတာလို့" ပြန်နောက်လိုက်ပါသေးတယ်။ ဒါပေမဲ့ သေချာပြန်စဥ်းစားကြည့်တော့မှ ကျွန်မရဲ့ process က အလုပ်မလုပ်နေတာ မဟုတ်ဘဲ ကျွန်မ ကိုယ်တိုင်က ကိုယ့်ရဲ့ process အပေါ်မှာ ယုံကြည်မှု မရှိနေတာကို သတိထားမိသွားတယ်။ တကယ်လို့ အခုလက်ရှိ ကိုယ့်ဘဝမှာ အရာအားလုံးက နှောင့်နှေးနေတယ်လို့ ခံစားနေရတယ်ဆိုရင် သူ့အကြောင်းအရင်းနဲ့ သူ ဖြစ်နေတယ်ဆိုတာကို ယုံကြည်ထားစေချင်ပါတယ်။ 

ကျွန်မ အခု ပြောပြသွားတဲ့ အချက်တွေက ချက်ချင်း လိုက်လုပ်ဖို့အတွက် အရမ်းများနေမယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ တစ်ခု သိထားစေချင်တာက retrograde တွေက ကျွန်မတို့ရဲ့ ဘဝကို ခက်ခဲအောင်လုပ်ဖို့မဟုတ်ဘဲ လမ်းမှန်ကို ပြန်ရောက်အောင် ညွှန်ပြပေးနေတယ် ဆိုတာပါပဲ။ ဒါကြောင့် retrograde တွေမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ခုခံမယ့်အစား ဒီအချိန်ကို ကိုယ့်ရဲ့ အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု စတာတွေနဲ့ ပတ်သက်ပြီး ကိုယ့်အနေနဲ့ ဘယ်လို ခံယူထားသလဲ ဆိုတာကို သေချာ ပြန်သုံးသပ်နိုင်ဖို့ အသုံးချစေချင်ပါတယ်။

ပြီးတော့ အရေးအကြီးဆုံးတစ်ခုက ကိုယ့်ရဲ့ ရည်းစားဟောင်း ဒါမှမဟုတ် မိတ်ဆွေဟောင်းတွေ ပြန်ပေါ်လာရင် အတိတ်ကို အတိတ်မှာပဲ ထားခဲ့ဖို့ မမေ့နဲ့နော် 😉

Next
Next

🇦🇺 Venus Retrograde is Testing Your Patience (And Your DMs 😏)