🇲🇲 What It Really Means to ‘Be The One’ in Your Own Life

 " Be The One " ဆိုတဲ့ စကားလုံးကို စစကြားချင်းမှာ ဒါက နတ်သမီးပုံပြင်တွေထဲကလို လိုချင်တာတွေ အကုန်လုံးကို ရနေတဲ့သူ၊ အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ ချစ်ခြင်းမေတ္တာတွေ၊ အောင်မြင်မှုတွေကို လွယ်လွယ်ကူကူ ဖန်တီးနိုင်တဲ့သူလို့ တွေးမိတတ်ကြတယ်။

တကယ်တော့..." Being The One" ဆိုတာက အစစအရာရာ အကုန်လုံး ပြီးပြည့်စုံနေတဲ့သူကို ပြောတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင် power ကို အသုံးချပြီး၊ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ လက်ခံပြီး၊ ဘယ်သူ့ကိုမှ တောင်းပန်စရာမလိုဘဲ

ကိုယ့်ရဲ့ story ကို ကိုယ်တိုင် ဖန်တီးနေတဲ့သူမျိုးကို ဆိုလိုတာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဘဝမှာ "The One" ဖြစ်လာဖို့အတွက် ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ကျန်းမာရေးနဲ့ emotional well-being ကို ကိုယ်တိုင် အပြည့်အဝတာဝန်ယူဖို့ လိုအပ်တဲ့အပြင်....ကိုယ်က ပြီးပြည့်စုံတဲ့သူ၊ ထိုက်တန်တဲ့သူ၊ powerful ဖြစ်တဲ့သူဆိုတာကို လက်ခံယုံကြည်ပြီး ကိုယ့်ကို ပြည့်စုံစေဖို့ ဘယ်သူ့ကိုမှ မလိုအပ်နေဘူးဆိုတာကို နားလည်ဖို့လည်း အရေးကြီးပါတယ်။

ကျွန်မတို့တွေက အမြဲတမ်းလိုလို တခြားသူတွေ ကိုယ့်ကို နားလည်လက်ခံပေးတာကိုပဲ လိုချင်ကြပြီး external validation တွေကိုပဲ ရှာဖွေတတ်ကြတယ်။ ဒါပေမဲ့ တကယ့်ပြောင်းလဲမှုတွေက ကျွန်မတို့ကိုယ်တိုင် ကျွန်မတို့ရဲ့ biggest supporter ဖြစ်လာဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ စတင်တယ်ဆိုတာကို သတိရစေချင်ပါတယ်။

ပြီးတော့ The One ဖြစ်လာဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ကလည်း အင်မတန်မှ အရေးကြီးပါတယ်။ 

ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုတာက တစ်ကိုယ်ကောင်းဆန်ဆန် ချစ်တာမျိုးမဟုတ်ဘဲ grounded ဖြစ်ဖြစ်နဲ့၊ ကိုယ့်ကို​ယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ချစ်တာမျိုး၊ ကိုယ်နဲ့ ထိုက်တန်တဲ့အရာတွေအတွက် ရပ်တည်တာမျိုး၊ ကိုယ့်ရဲ့ တန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ ရွေးချယ်မှုတွေ လုပ်တာမျိုး၊ ကိုယ့်ဘဝထဲမှာ ရှိနေတဲ့ ကောင်းမွန်တဲ့အရာတွေအကုန်လုံးနဲ့ ကိုယ်က ထိုက်တန်တယ်ဆိုတာ နားလည်လက်ခံတာမျိုးကို ဆိုလိုတာပါ။

ဒါဆိုရင် ဘယ်လိုမျိုး စလုပ်လို့ရမလဲ?

ကိုယ့်ရဲ့ တန်ဖိုးကို နားလည်ပါ။

တခြားသူတွေ ကိုယ့်ကို အသိအမှတ်ပြုမှ၊ ချီးမွမ်းမှ မဟုတ်ဘဲ ကိုယ်က အခုလက်ရှိ ကိုယ့်ရဲ့ ပုံစံလေးအတိုင်းပဲ လုံလောက်ပြီး ပြည့်စုံနေတယ်ဆိုတာကို သတိရပါ။

သံသယစိတ်တွေကို လွှတ်ချပါ။

ကိုယ့်ကိုယ်ကိုယ် "ငါက လုံလောက်ရဲ့လား၊ ကောင်းမွန်တဲ့သူ ဟုတ်ရဲ့လား" ဆိုတဲ့ မေးခွန်းတွေ မေးနေတာ ရပ်ပြီး ကိုယ့်ရဲ့ intuition နဲ့ inner wisdom ကို အပြည့်အဝ ယုံကြည်ပါ။

ယုံကြည်မှုရှိရှိ၊ သတ္တိရှိရှိနဲ့ စတင်လုပ်ဆောင်ပါ။

" Being The One " ဖြစ်လာဖို့အတွက် ကိုယ့်ရဲ့ Soul က လမ်းညွှန်နေတဲ့အတိုင်း ဆုံးဖြတ်ချက်တွေ ချဖို့ လိုအပ်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေက ကိုယ့်အတွက် ခက်ခဲပြီး အဆင်မပြေဖြစ်ရတယ်ဆိုရင်တောင်မှ ယုံကြည်မှုအပြည့်ထားပြီး ဆုံးဖြတ်ချက်တွေ ပြုလုပ်ပါ။

အခုအချိန်က ကိုယ့်ကို တစ်ယောက်ယောက်က လာကယ်ဖို့ စောင့်နေတာကို ရပ်ပြီး ကိုယ့်ဘဝအတွက် ကိုယ်ကိုယ်တိုင် တာဝန်အပြည့်အဝယူရမယ့်အချိန်ပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ တာဝန်ယူပြီး ကိုယ်ရဲ့ အကောင်းဆုံးသော ပုံစံအတိုင်း show up လုပ်နိုင်လာပြီဆိုရင် ကိုယ် ဖန်တီးချင်တဲ့ တခြားအရာတွေကလည်း သူ့အလိုလို ဖြစ်လာပါလိမ့်မယ်။ 

ကိုယ့်ရဲ့ ကိုယ်ပိုင် power ကို အသုံးချပြီး ကိုယ်နဲ့ ထိုက်တန်ဘဝမှာ နေထိုင်ဖို့၊ Be The One ဖြစ်ဖို့ အသင့်ဖြစ်နေပြီဆိုရင် ကျွန်မတို့ရဲ့ Be The One Masterclass - 2023 Edition ကို join လုပ်ပြီး ယုံကြည်မှုနဲ့ ရှင်းလင်းပြတ်သားမှုတွေကို ရှာဖွေဖို့ ဖိတ်ခေါ်ပါတယ်။


သင်က ကိုယ်နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့နေရာတွေမှာ ဝင်ဆံ့အောင် ဟန်ဆောင်ပြီး နေရမယ့်သူမျိုးမဟုတ်ဘဲ "The One" ဖြစ်ဖို့
မွေးဖွားလာတယ်ဆိုတာကို သတိရစေချင်ပါတယ်။

ဒီ Be The One 2023 edition ကို လက်တွေ့ကျပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖန်တီးပေးထားတာဖြစ်တဲ့အတွက်...

သင့်ကို တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ရရှိနိုင်ဖို့၊ ဘယ်နေရာကိုပဲ သွားသွား ကိုယ့်ကို အားလုံးက အာရုံစိုက်မိပြီး လူတိုင်းမှတ်မိနေတဲ့ The One ဖြစ်လာစေဖို့လမ်းညွှန်ပေးသွားမှာပဲဖြစ်ပါတယ်။

BEST24 ဆိုတဲ့  coupon code ကို သုံးပြီး special offer ကို ရယူလိုက်နော်။


Share This With Someone Who Needs It !

တကယ်လို့ ဒီ post က သင့်အတွက် အကူအညီဖြစ်စေတယ်ဆိုရင်၊ အခု ကျွန်မတို့ ကမ္ဘာကြီးမှာ ကိုယ့်တန်ဖိုးကို သေချာနားလည်ပြီး ကိုယ့်ရဲ့ဘဝကို တာဝန်အပြည့်ယူရဲတဲ့သူတွေကို လိုအပ်နေတာဖြစ်တဲ့အတွက်....

သင့်ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ power ကို ပြန်ရှာဖွေပြီး ယုံကြည်မှုအပြည့်နဲ့ စတင်နေထိုင်ဖို့ အသင့်ဖြစ်နေတဲ့သူတွေ
ရှိတယ်ဆိုရင် သူတို့ကိုလည်း မျှဝေပေးဖို့ မမေ့နဲ့နော်။


Arabelle is a Speaker, Entrepreneur, creative, CEO, and solo mama. With a background in investment banking, she helps clients in over 110 countries unlock potential and pursue freedom. She lives between Dubai and Perth, believing real change starts from within.

Previous
Previous

🇦🇺 Why 2024 Felt like a Rollercoaster

Next
Next

🇦🇺 What It Really Means to ‘Be The One’ in Your Own Life