🇲🇲 Are you Ready to Level Up? Here’s a Guidebook for Capricorn Season!

ကိုယ့်ဘဝထဲကို ရည်းစားဟောင်း ဒါမှမဟုတ် အတိတ်က လူတစ်ယောက် ခဏခဏ ပြန်လာတာမျိုး ကြုံရဖူးလား? ကြုံရဖူးတယ်ဆိုရင် ... ဒါက ကျွန်မတို့ ဘဝထဲကို Saturn ဂြိုဟ် ပြန်လာပြီး မွှေနှောက်တော့မယ်ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ ဖြစ်သွားတဲ့ ကျွန်မ ပုံစံပါ။ 😅

"Why 2024 Felt Like a Rollercoaster" ဆိုတဲ့ blog post မှာလည်း ကျွန်မ Saturn Retrograde အကြောင်း ပြောခဲ့ပါသေးတယ်။ 2024 နှစ်စကတည်းက retrograde ထဲ ရောက်နေခဲ့တဲ့ Saturn ဂြိုဟ်က 15 November မှာ retrograde ထဲက ပြန်ထွက်သွားပြီး ... တစ်လအကြာမှာတော့ Capricorn Season နဲ့အတူ ကျွန်မတို့ရဲ့ radar ထဲကို ပြန်ရောက်လာပါတယ်။  

♑ The Astrology Behind It

Capricorn (22 December - 19 January) ရာသီခွင်ကို Saturn ဂြိုဟ်က အုပ်စိုးပါတယ်။ တကယ်လို့ ဒီအကြောင်းကို အခုထိ ဆက်ပြီး ဖတ်နေသေးတယ်ဆိုရင် မကြာခင် စဉ်းစားစရာတွေ များလာတော့မှာပါ 😂

Saturn က ကျွန်မတို့ကို မမျှော်လင့်ထားတဲ့အချိန်မှာ ဖြေရှင်းစရာ အလုပ်တွေ ထပ်ပေးလေ့ရှိတယ်ဆိုတာ ပြောနေစရာတောင် မလိုတော့ပါဘူး 😅။ ရုတ်တရက်ကြီး အတိတ်က ရည်းစားဟောင်း ပြန်ပေါ်လာပြီး ကိုယ့်အနေနဲ့ တကယ် move on လုပ်နိုင်သွားပြီလား ဒါမှမဟုတ် ကိုယ့်ရဲ့ ခံစားချက်တွေကို မရင်ဆိုင်ဘဲ ထွက်ပြေးနေမိသေးတာလား ဆိုတာကို မေးခွန်းပြန်ထုတ်မိစေတာမျိုးပေါ့။ ကျွန်မတို့အားလုံး ဒီလိုအခြေအနေကို ကြုံဖူးကြပါတယ်။

🪐 Saturn is a Great Teacher

ကျွန်မ Saturn အကြောင်း တွေးလိုက်တိုင်း ကျောင်းတုန်းက ဆရာတစ်ယောက်ကို သတိရမိတယ်။ သူက စည်းကမ်းကြီးပြီး လိုအပ်ရင် လိုအပ်သလို ဆုံးမလေ့ရှိတယ်။ အထူးသဖြင့် အတန်းထဲမှာ ဆူညံနေပြီး သင်ခန်းစာကို အာရုံမစိုက်တဲ့အချိန်မျိုးတွေမှာပေါ့။ ဒါပေမဲ့ ဆရာက အင်မတန် စိတ်ရှည်တဲ့အပြင် ခက်ခဲတဲ့ သင်ခန်းစာတွေကို ကိုယ်တိုင် ဖြေရှင်းနိုင်ဖို့ အချိန်ယူပြီး သေချာလမ်းညွှန်ပေးတတ်တဲ့သူပါ။ ဘာလို့လဲဆိုတော့ ဒီအရာတွေက ကျွန်မတို့ရဲ့ သင်ယူမှုနဲ့ တိုးတက်ပြောင်းလဲမှုအတွက် အရေးကြီးတယ်ဆိုတာ သူ သိလို့ပါ။ ဒါကြောင့် ကျွန်မတို့ကို ခက်ခဲတဲ့ သင်ခန်းစာတွေကို ကိုယ်တိုင် လေ့လာသင်ယူနိုင်တဲ့အထိ လေ့ကျင့်ပေးခဲ့တယ်။ အစပိုင်းမှာတော့ ခက်ခဲပေမယ့် နောက်ဆုံးမှာ သင်ခန်းစာတွေကို သေချာ နားလည်သွားတဲ့အခါ ပီတိဖြစ်ရတဲ့အပြင် လွယ်လွယ်နဲ့လည်း မမေ့သွားတော့ပါဘူး။  

Saturn ကလည်း ဒီလိုမျိုးပါပဲ။ ကျွန်မတို့ကို စိန်ခေါ်မှုတွေ ပေးပြီး ... ကိုယ်တိုင် ကန့်သတ်ထားတဲ့ အရာတွေကို ကျော်လွှားနိုင်ဖို့၊ ထွက်ပြေးနေတဲ့ အရာတွေကို ရင်ဆိုင်နိုင်ဖို့ တွန်းအားပေးနေပါတယ်။ ဒါက ကျွန်မတို့ကို ပင်ပန်းခက်ခဲအောင် လုပ်ဖို့မဟုတ်ဘဲ ပိုပြီး သန်မာလာဖို့၊ ထက်မြက်လာဖို့၊ လုပ်နိုင်စွမ်းတွေ ပိုရှိလာဖို့ လိုအပ်တဲ့ အတွေ့အကြုံတွေကို သင်ပေးနေတာပါ။  

Saturn က စည်းမျဥ်းစည်းကမ်းတွေ၊ တာဝန်ဝတ္တရားတွေကို ကိုယ်စားပြုတဲ့ ဂြိုဟ်ဖြစ်တဲ့အတွက် ခိုင်မာတဲ့ foundation ကို စနစ်တကျ တည်ဆောက်ပြီး ကျွန်မတို့ရဲ့ဘဝမှာ အကောင်းဆုံးသော ပုံစံတွေနဲ့ show up လုပ်နိုင်အောင် တစ်ဆင့်ချင်းဆီ လမ်းညွှန်ပေးနေတာပါ။

💎 Why It’s Beneficial to Go Through This?

ကျွန်မ ငယ်ငယ်တည်းက ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ကြုံရတိုင်း " ငါ့ဆီမှာ ဒါတွေဖြစ်နေတာက တိုးတက်ပြောင်းလဲလာဖို့အတွက်ပဲ " ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမြဲ ပြောလေ့ရှိတယ်။ ဒါက ကျွန်မအတွက်တော့ အစွမ်းထက်တဲ့ မန္တန်တစ်ခုလိုပါပဲ။ 

ပြောင်းလဲမှုဆိုတာ ကြောက်စရာကောင်းပေမယ့် ကျွန်မတို့ကို ကိုယ့်ရဲ့ စိတ်ကူးထဲက ပုံစံအတိုင်း ဖြစ်လာစေဖို့ ကူညီပေးနေတဲ့အရာပါ။ လူတိုင်းနီးပါး ... "ပြောင်းလဲမှုဆိုတာ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော မပြောင်းလဲတဲ့အရာပါ" ဆိုတဲ့ စကားကို ကြားဖူးကြလောက်မယ်လို့ ထင်ပါတယ်။ တကယ်လည်း ဒီစကားက အမှန်ပါပဲ။  

စဥ်းစားကြည့်လိုက်ပါ ... ပိုးကောင်တွေသာ ပိုးအိမ်ထဲမှာပဲ နေခဲ့မယ်ဆိုရင် လိပ်ပြာလေးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ စိန်တွေကလည်း ကမ္ဘာမြေကြီးရဲ့ အောက်ခြေမှာ ပြင်းထန်တဲ့ဖိအားနဲ့ အပူဒဏ်ကို မခံခဲ့ရဘူးဆိုရင် အလှဆုံးနဲ့ အတောက်ပဆုံး ရတနာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ 

ကျွန်မတို့ အခုလက်ရှိ ဖြတ်သန်းနေရတာလည်း ဒီလိုပါပဲ။ Saturn ဂြိုဟ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတဲ့ Capricorn Season ထဲကို ဝင်ရောက်လာတာနဲ့အမျှ ပြောင်းလဲတိုးတက်မှုတွေကို ကြုံတွေ့ရတော့မှာပါ။ ပြီးတော့ မကြာခင် ... 2025 ကို ရောက်တော့မှာဖြစ်တဲ့အတွက် အခုအချိန်က နှစ်သစ်ကို "စိတ်သစ် လူသစ်" နဲ့ ကြိုဆိုရမယ့် အချိန်ပဲဖြစ်ပါတယ်။

🎯 What to Do Next?

⚡️ Set Clear, Achievable Goals

ဒီအချိန်မှာ journaling ဒါမှမဟုတ် တရားထိုင်တာပဲဖြစ်ဖြစ် လုပ်ပြီး ကိုယ့်ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရရှိဖို့အတွက် ... ခြေလှမ်းသေးသေးလေးတွေ အရင် ချမှတ်ပါ။ မနိုင်ဝန်တွေ ထမ်းပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးအောင် လုပ်ဖို့ မလိုပါဘူး။ သေးငယ်တဲ့ အရာလေးတွေကို တစ်စိုက်မတ်မတ် လုပ်ဆောင်သွားဖို့ပဲ အရေးကြီးပါတယ်။ ဒီနည်းလမ်းက ကျွန်မတို့ကို အာရုံစူးစိုက်မှုအပြည့်နဲ့ စိတ်အားထက်သန်မှု ရှိနေစေဖို့ ကူညီပေးပါလိမ့်မယ်။ ဆရာတစ်ယောက်က ပုစ္ဆာတစ်ပုဒ်ရဲ့ အဖြေကို တန်းပြောလိုက်တာမျိုး မဟုတ်ဘဲ အဖြေမှန်ရတဲ့အထိ တစ်ဆင့်ချင်းဆီ ရှင်းပြပြီး လမ်းညွှန်ပေးသလိုမျိုးပေါ့။

⚡️ Cultivate Patience

Saturn ရဲ့ အခက်ခဲဆုံး သင်ခန်းစာတွေထဲက တစ်ခုက စိတ်ရှည်မှုပါ။ လူတော်တော်များများက ဘယ်ကိစ္စကိုမဆို အမြန်ဆုံးဖြေရှင်းချင်ကြတယ်။ ဒါက လူ့သဘာဝဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ဒါပေမဲ့ Saturn ရဲ့ သင်ခန်းစာတွေက အချိန်နဲ့ စိတ်ရှည်မှုကို လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေက ညတွင်းချင်း အကောင်အထည်ပေါ်လာမှာ မဟုတ်ဘူးဆိုတာ နားလည်ထားပါ။ စိန်တွေက တစ်ညတည်းနဲ့ စိန်မဖြစ်လာသလို၊ ပန်းတွေကလည်း တစ်ညတည်းနဲ့ မပွင့်လာပါဘူး။ ကိုယ် လုပ်စရာရှိတဲ့ အရာတွေကို တစ်စိုက်မတ်မတ်နဲ့ ပုံမှန်လုပ်သွားမယ်ဆိုရင် နောက်ဆုံးမှာ သေချာပေါက် အကျိုးရှိတဲ့ ရလဒ်တွေ ရလာမယ်ဆိုတာကို ယုံကြည်ထားပါ။ 

⚡️ Use Challenges as Stepping Stones

ဒါက လွယ်ကူတဲ့ journey တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက ကြုံတွေ့ရသမျှ စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်ပြီး ကိုယ့်ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်နိုင်မယ့်၊ တိုးတက်ပြောင်းလဲမှုတွေ ဖန်တီးနိုင်မယ့် အခွင့်အရေးတစ်ခုပါ။ ဒါကြောင့် အခက်အခဲတွေ ကြုံလာတဲ့အခါ ရှောင်ပြေးမယ့်အစား ... ဒီအရာတွေက ကိုယ့်ကို ဘာတွေ သင်ပေးနေတာလဲဆိုတာကို စဥ်းစားကြည့်ပါ။ ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ကိုယ့်ရဲ့ mindset က အရေးအကြီးဆုံးပါပဲ။

နောက်ဆုံးအနေနဲ့ အရေးကြီးဆုံး (နဲ့ အခက်ခဲဆုံး) အရာတစ်ခုက "ကြိုးစားဖို့" ကို မကြောက်ဖို့ပါ။ ဘာလို့လဲဆိုတော့ ဒါက ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လို့ပါပဲ။ Gym ကို ပုံမှန် သွားလေ့ရှိတဲ့သူတစ်ယောက်အနေနဲ့ ကျွန်မ သတိထားမိတာတစ်ခုကို ပြောပြရမယ်ဆိုရင် ... ခန္ဓာကိုယ်က ဘာလေ့ကျင့်ခန်းမှတောင် မလုပ်ရသေးဘူး။ စိတ်က အရင်ကျသွားလေ့ရှိတယ်။ ဒါက စစ်သားတွေမှာလည်း ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် လေ့ကျင့်ရေးစခန်းတွေမှာဆိုရင် သူတို့ကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေကို ကျော်ဖြတ်နိုင်ဖို့ အတင်းအကျပ်လေ့ကျင့်ပေးလေ့ရှိတယ်။

ကျွန်မ ဒါကို ပြောပြရတာက "ငါ မလုပ်နိုင်တော့ဘူး" ဆိုတဲ့ စိတ်ကို "ငါ ထင်ထားတာထက် ပိုလုပ်နိုင်တယ်" ဆိုတဲ့ စိတ်နဲ့ အစားထိုးနိုင်ဖို့ပါ။  

ဒီ mindset က ကျွန်မတို့ရဲ့ လက်တွေ့ဘဝမှာ အောင်မြင်မှုရဖို့အတွက် အင်မတန် အရေးပါပါတယ်။ ကိုယ့်ရဲ့ အလုပ်အကိုင်၊ ကျန်းမာရေးကို တစ်ဆင့်မြှင့်တင်ဖို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်ဖို့ ကြိုးစားနေတာပဲဖြစ်ဖြစ် ... ကိုယ့်ရဲ့ စိတ်က " မလုပ်နိုင်တော့ဘူး၊ လုပ်နိုင်မှာ မဟုတ်ဘူး " လို့ ပြောလာတဲ့အခါ အဲ့ဒီအသံတွေက မှားနေတယ်ဆိုတာက သက်သေပြလိုက်ပါ။ 

ကိုယ်က ကိုယ် ထင်ထားတာထက် ပိုပြီး လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို သတိရပါ။ ကိုယ့်ကိုယ့်ကို ချီးကျူးပါ။ ကိုယ်ဖန်တီးချင်တဲ့ အနာဂတ်ဆီကို ယုံကြည်မှုအပြည့်ရှိတဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်းဆီ လျှောက်လှမ်းသွားပါ။

Previous
Previous

🇦🇺 Venus Retrograde is Testing Your Patience (And Your DMs 😏)

Next
Next

🇦🇺 Are you Ready to Level Up? Here’s a Guidebook for Capricorn Season!