🇲🇲 Why 2024 Felt like a Rollercoaster

ဒီနှစ်ထဲမှာ ပုံထဲက ကြောင်လေးလိုမျိုး ဖြစ်ခဲ့ကြတဲ့ အချိန်တွေ ရှိဖူးလား?...ကျွန်မတော့ သေချာပေါက် အဲ့လိုဖြစ်ခဲ့သေးတယ် 😂 အခု ပျော်နေပြီး၊ တက်ကြွနေပြီး၊ ခဏနေကျတော့ " ဟင် ဘာတွေဖြစ်နေတာလဲ" ဆိုပြီးတော့လေ…

တကယ်တော့ အဲ့တာက Universe က ကျွန်မတို့ကို ခဏ break ပေးလိုက်၊ ဘဝအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေ သင်ယူနိုင်အောင် CRAZY plot twist တွေ ထပ်ပြီးပေးလိုက်နဲ့ လုပ်နေတာပါ 🤓

တကယ်လို့ သင့် အနေနဲ့ အခုလက်ရှိမှာ ဘာတွေဖြစ်နေတာလဲဆိုပြီး ခံစားနေရတယ်ဆိုရင်၊ ဒီလို ခံစားရတာက ကိုယ် တစ်ယောက်ထဲမဟုတ်ဘူးဆိုတာကို သတိရစေချင်ပါတယ်။ ဘာကြောင့် ဒီလိုတွေ ခံစားနေရတာလဲဆိုတာ ကျွန်မ ရှင်းပြပေးမယ်နော်…

8️⃣ The Numerology of 2024

Numerology (ဂဏန်းဗေဒ) အရ 2+0+2+4 ကို ပေါင်းလိုက်ရင် နံပါတ် 8 ရတယ်။ ဒီ နံပါတ် 8 က သင်ခန်းစာတွေ၊ structure တွေ၊ စည်းမျဥ်းစည်းကမ်းတွေကို ကိုယ်စားပြုတဲ့ Saturn ဂြိုဟ်ကို ရည်ညွှန်းပါတယ်။ 

Saturn ဂြိုဟ်က ကျွန်မတို့ရဲ့ ဘဝထဲမှာ အကောင်းဆုံးနဲ့ ရေရှည်တည်တံ့တဲ့ ရလဒ်တွေ ရဖို့အတွက် တာဝန်ယူမှုအပြည့်နဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ တွန်းအားပေးနေတာပဲ ဖြစ်တယ်။ လွယ်တော့ မလွယ်ကူဘူးဆိုပေမယ့် ကျွန်မတို့ ပြင်းပြတဲ့ စိတ်နဲ့ ကြိုးစားလေလေ ရလဒ်ကောင်းတွေ ရလေလေပါပဲ။

🪐 Saturn in Astrology


လူတိုင်းနီးပါး စိတ်တွေရှုပ်ပြီး ရူးတော့မလိုဖြစ်တဲ့ "Mercury Retrograde" ဆိုတာကို ကြားဖူးကြတယ်မလား? Tech glitch တွေ ဖြစ်လို့၊ အချင်းချင်း နားလည်မှုတွေလွဲကြလို့၊ အတိတ်က လူဟောင်းတွေ ပြန်လာလို့ဆိုပြီး ကျွန်မတို့ အပြစ်ပြောခဲ့ကြတဲ့ Mercury Retrograde လေ။


Saturn ဂြိုဟ်ကလည်း က ဒီ Retrograde မှာ ပါတယ်ဆိုတာ သိကြလား? ဒါကြောင့် ကျွန်မတို့ Retrograde တွေ ကြုံရပြီဆိုရင် ကိုယ့်ရဲ့ ပုံစံတွေ၊  ပတ်သက်ဆက်ဆံနေတဲ့ လူတွေ၊ ယူထားရတဲ့ တာဝန်တွေ၊ အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်တွေ၊ ပြီးတော့ ကိုယ့် ယုံကြည်ထားတဲ့အရာတွေအပြင် ကိုယ့် လက်ရှိ ဘဝကို ပြန်သုံးသပ်နိုင်ဖို့အတွက် ကိုယ့်ရဲ့ အတွင်းနက်နက်ထဲအထိ မြင်အောင်ကြည့်ဖို့ တွန်းအားပေးခံရတာပဲဖြစ်ပါတယ်။


နားလည်လွယ်အောင် ပြောရမယ်ဆိုရင် Saturn Retrograde က ကျွန်မတို့ကို "နောက်ထပ် level အသစ်တစ်ခု တက်ဖို့ အဆင်သင့်ဖြစ်နေပြီလား?" ဆိုပြီး Universe က သွယ်ဝိုက်တဲ့ နည်းနဲ့ မေးနေတာမျိုးနဲ့ တူပါတယ်။ ဒီတစ်နှစ်လုံး ပင်ပန်းခက်ခဲစရာတွေပဲ ကြုံခဲ့ရတယ်ဆိုရင် ဒါက Saturn Retrograde အတွင်းမှာ ဖြစ်လေ့ရှိတဲ့ အရာပါပဲ။


ဒီကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ သင်ခန်းစာတွေက မလွယ်ကူဘူးဆိုပေမယ့်… အဲ့ဒီအရာတွေကပဲ ကိုယ့်ဘဝမှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေဖြစ်လာအောင်၊ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံကို ဖန်တီးနိုင်ဖို့အတွက် လမ်းပြပေးနေတာပါ။

အခုချိန်မှာတော့ ကိုယ်လိုချင်တဲ့ ရလဒ်တွေကိုချက်ချင်းဖြစ်လာအုံးမယ်လို့ မထင်ရသေးပေမဲ့ အချိန်တန်ရင်တော့  “ဪ .. ဒါ့ကြောင့် ဒီလိုမျိုးအဖြစ်တွေကို ကြုံတွေ့ခဲ့ရတာပါလား” လို့ သဘောပေါက်လာပါလိမ့်မယ်။

🌀 The Shift: November 15, 2024

ဝမ်းသာစရာ သတင်းကောင်းကတော့ November 15, 2024 မှာ Saturn ဂြိုဟ်က Retrograde ကနေ ထွက်ခွာသွားတော့မှာပဲ ဖြစ်ပါတယ်။ 

ဒီလို ထွက်ခွာသွားတာနဲ့အမျှ ကိုယ့်ရှေ့မှာ ပိတ်နေတဲ့ မြူခိုးမြူငွေ့တွေ၊ cosmic fog တွေအကုန် ရှင်းလင်းသွားပြီး ကိုယ့်ရဲ့ energy က ပိုပြီး ပေါ့ပါးလန်းဆန်းလာတာကို ခံစားရပါလိမ့်မယ်။ လေးလံတဲ့ energy တွေလည်း အကုန် ထွက်ခွာသွားပြီးတော့ အခွင့်အလမ်း အသစ်တွေ၊ ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် ခွန်အားတွေ ရရှိလာပါလိမ့်မယ်။

စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ကတော့ ရှိနေအုံးမှာ ဆိုပေမဲ့ ....အခုအချိန်မှာ အရင်ကထက် ပိုပြီး supportive ဖြစ်တယ်လို့ ခံစားလာရမယ်။ ကြုံတွေ့ခဲ့ရသမျှ ပြဿနာတွေကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်နိုင်ခဲ့သလို နောက်ထပ် ကိုယ့်ရဲ့ လမ်းကြောင်းပေါ်မှာ ဘာတွေပဲ ရှိလာ ရှိလာ ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ သတ္တိမျိုး ရလာလိမ့်မယ်လို့ ဆိုလိုချင်တာပါ။

အခုအချိန်က ကိုယ် ကြိုးစားလုပ်ခဲ့တဲ့ အရာတွေရဲ့ ရလဒ်တွေကို မျက်မြင်တွေ့ရတော့မယ့် အချိန်လည်းဖြစ်သလို...Universe က ကျွန်မတို့ကို ကိုယ် အားအင်အပြည့်နဲ့ ကြိုးစားခဲ့ရတဲ့ အရာတွေရဲ့ ရလဒ်ကို ဝမ်းသားအားရ လက်ခံလိုက်ဖို့ အားပေးနေတဲ့ အချိန်လည်းဖြစ်ပါတယ်။

📋 What to Do Next?

Saturn က Retrograde ကနေ ထွက်ခွာသွားတာနဲ့အမျှ၊ ကိုယ် ရှေ့ဆက်လျှောက်လှမ်းရမယ့် လမ်းကလည်း ချောမွေ့လာပါလိမ့်မယ်။ ဒါကြောင့် ဒီအချိန်က ရည်ရွယ်ချက်အပြည့်နဲ့ ဒီ ပေါ့ပါးသစ်လွင်တဲ့ energy ကို အသုံးချပြီး ကိုယ့်ရဲ့ အောင်မြင်မှုတွေနဲ့ align ဖြစ်နေအောင် လုပ်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်!

🧿 ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ပြန်သုံးသပ်ပါ။

2024 ရဲ့ ကျန်နေတဲ့ လတွေအတွက် ဒါမှမဟုတ် 2025 အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို ပြန်သုံးသပ်ပါ။

 â€˘ ကိုယ် ဘာတွေကို ရရှိချင်တာလဲ?

 â€˘ 2024 မှာ မပြီးမြောက်လိုက်တဲ့ ရည်မှန်းချက်တွေထဲက 2025 ရဲ့ bucket list ထဲကို ထပ်ထည့်ချင်တာတွေ ရှိလား? (ကျွန်မ လုပ်ချင်တာတစ်ခုက Skydiving ပါ!)

 â€˘ ဒီနှစ်မှာ ကိုယ် သတ်မှတ်ထားတဲ့ ဦးစားပေးအရာတွေနဲ့ ပတ်သက်ပြီး သင်ယူခဲ့ရတာတွေ ရှိလား?

ဒီနှစ်မှာ ကိုယ် ရရှိခဲ့တဲ့ သင်ခန်းစာတွေပေါ် မူတည်ပြီး ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ပြန်လည် ပြင်ဆင်ပါ။


🧿 လက်တွေ့ လုပ်ဆောင်ပါ။

ကျွန်မတို့ လက်တွေ့ဘဝမှာ ဘာ အားစိုက်ထုတ်မှုမှ မရှိဘဲ ကိုယ် ဖန်တီးချင်တဲ့ အရာတွေ ဖြစ်လာဖို့ ထိုင်ပြီး ဆုတောင်းနေရုံနဲ့ မရပါဘူး။ ဥပမာ၊ ကျွန်မက skydive လုပ်ချင်ပေမယ့် skydiving company တွေကို မဆက်သွယ်ဘူးဆိုရင် ဘယ်လိုလုပ် လုပ်လို့ရမှာလဲ? အဲ့ဒီလိုမျိုးပဲ...ကိုယ် အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်တွေရှိတယ်ဆိုရင် အဲ့ဒီ အိပ်မက်တွေနဲ့ ကိုက်ညီတဲ့ လက်တွေ့လုပ်ဆောင်မှုမျိုး လုပ်ဖို့လိုအပ်ပါတယ်။

Saturn က ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုပြီး ထိုက်တန်တဲ့ ရလဒ်တွေ ရရှိစေတဲ့ ဂြိုဟ်တစ်ခုပါ။ ဒါကြောင့် ဒီအချိန်က ကိုယ် အကောင်အထည်ဖော်ချင်တဲ့ အရာတွေ ရရှိဖို့  ဘယ်လိုမျိုး လက်တွေ့ လုပ်ရမလဲဆိုတာ စဥ်းစားရမယ့် အချိန်ပဲ ဖြစ်တယ်။ ကိုယ် စိတ်အားထက်သန်တဲ့ project တစ်ခုပဲဖြစ်ဖြစ်၊ ကိုယ့် အလုပ်မှာ အောင်မြင်လာဖို့ပဲဖြစ်ဖြစ် ဒါမှမဟုတ်  ကိုယ် တိုးတက်ပြောင်းလဲလာဖို့အတွက်ပဲဖြစ်ဖြစ်  လက်တွေ့ကျတဲ့ ခြေလှမ်းသေးသေးတွေကို တစိုက်မတ်မတ် စတင်လုပ်ဆောင်ပါ။ ကျွန်မတို့ အားလုံး သိထားကြတဲ့အတိုင်းပဲ...သေးငယ်တဲ့ အရာလေးတွေကလည်း ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်ပါတယ်။

🧿 ကိုယ့်ရဲ့ intuition ကို ယုံကြည်ပါ။

ဒီအချက်က အင်မတန် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ Saturn က အခုထိ Retrograde ထဲမှာ ရှိနေသေးတဲ့အပြင်၊ ပင်ပန်းခက်ခဲတဲ့အရာတွေလည်း အများကြီး ကြုံတွေ့ခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ကော၊ ကိုယ့်ရဲ့ intuition ကိုပါ မယုံကြည်တော့တာမျိုး ဖြစ်တတ်ပါတယ်။

ကျွန်မကိုယ်တိုင်လည်း တစ်ခုခုကို သေချာ ခံစားမိတဲ့ အချိန်တွေ၊ စိတ်ခံစားချက်တွေ ပေါ်လာတဲ့အချိန်တွေ ရှိခဲ့ပေမယ့် ရွေးချယ်မှုတွေ လုပ်တိုင်းမှာ "ဒါက ငါ့ရဲ့  intuition က ပြောပြနေတဲ့အရာလား ဒါမှမဟုတ် ငါ့စိတ်ကပဲ ဝေခွဲမရဖြစ်နေတာလား" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မယုံကြည်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်။

အခုအချိန်က ကိုယ့်အတွက် ရှင်းလင်းပြတ်သားမှုတွေ ပြန်လည်ရှာဖွေတွေ့ရှိနိုင်တဲ့ အချိန်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ inner wisdom က လမ်းညွှန်ပေးနေတဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာပြီး ကိုယ့်ရဲ့ လမ်းကြောင်းကို အပြည့်အဝ ယုံကြည်ဖို့ ကိုယ့်ကိုယ်ကိုယ် ခွင့် ပေးပါ။

မကြာခင် နှစ်သစ်ကို ရောက်တော့မှာဖြစ်တဲ့အတွက် ... 2024 တုန်းက ကြုံတွေ့ခဲ့ရသမျှ အခက်အခဲတစ်ခုချင်းဆီတိုင်းကို ကိုယ့်ကို တိုးတက်ပြောင်းလဲလာအောင် လမ်းခင်းပေးနေတဲ့ ကျောက်တုံးလေးတွေအဖြစ် မှတ်ယူစေချင်ပါတယ်။ ပြီးတော့ ကိုယ်လျှောက်လှမ်းနေတဲ့ ဘဝခရီးမှာ အခက်အခဲတွေ မျိုးစုံ ကြုံခဲ့ရပေမယ့်လည်း… အခုအချိန်အထိ ကြံ့ကြံ့ခံပြီး အားအင်အပြည့်နဲ့ ရင်ဆိုင်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုရင်း ကျွန်မတို့တွေ 2024 ကို နှုတ်ဆက်ကြရအောင်!

Next
Next

🇦🇺 Why 2024 Felt like a Rollercoaster