🇲🇲 Healing Is The Best Contribution

ကျွန်မ မှတ်မိသလောက်ပြောရရင် သူများနဲ့ မတူတာ အမြဲခံစားရတယ်။ သူများထက်တော်တယ်၊ ညံ့တယ်ဆိုတာမျိုး မဟုတ်ဘဲ ပတ်ဝန်းကျင်နဲ့ မတူတာကို ရင်ထဲကခံစားမိတယ်။ ပထမတော့ မသိလိုက် မသိဖာသာပဲ နေလိုက်တယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အများနဲ့ ဝင်ဆံ့ချင်တယ်၊ တသားတည်း ကျချင်တယ် မဟုတ်ပါလား။ ဒီတော့ ကျွန်မလည်း  သူများလျှောက်တဲ့လမ်းကိုပဲ လိုက်လျှောက်ပြီး၊ သူများနဲ့ မတူတဲ့ အပိုင်းတွေကို အလိုက်သင့်တူအောင် ကြိုးစားညှိယူခဲ့တယ်။

နောက်ဆုံး မှန်ရှေ့ ရပ်ပြီး ကြည့်မိတဲ့တစ်နေ့  မှန်ထဲကလူကို  ကျွန်မ မမှတ်မိတော့လောက်အောင် ဖြစ်သွားတယ်။ အဲဒီ အများအကြိုက်လိုက်ပြီး ဟန်ဆောင်နေတဲ့ ‘ကျွန်မ’ ကို မနှစ်မျို့နိုင်တော့ဘူး။  ရင်ထဲက ကျွန်မ မဟုတ်တော့သလို sense of self ပါ ပျောက်နေတယ်လို့ ခံစားမိတယ်။ 

အဲဒီမှာ ဟိုး နက်ရှိုင်းလှတဲ့ အတွင်းထဲကနေ လှုပ်နှိုးလိုက်သလို “Arabelle ဒါ မင်းမဟုတ်ဘူး။ ကိုယ်ဘယ်သူလဲဆိုတာ မမေ့ပါနဲ့  ​“ လို့ သတိပေးလိုက်သလို တမျိုးခံစားလိုက်ရတယ်။   

ဒီအချိန်က စပြီး ကျွန်မဘဝကို ကျွန်မ ကိုယ်တိုင် ပဲ့ကိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အများ ရွေးတဲ့ လမ်းကိုလိုက်၊ သူများအလိုတွေ ကိုယ့်အပေါ် လွှမ်းမိုးပြီး ကိုယ့် ပါဝါစွမ်းအား သူများလက်ထဲ ရောက်နေတာကို ရပ်တန်းကရပ်ပြီး၊ ကိုယ်ရွေးချယ်သမျှ ​ ကိုယ်လုပ်သမျှကို ကိုယ်တာဝန်ယူပြီး ​ကိုယ့်ဘဝလမ်းကို ကိုယ်တိုင်ဖောက်ဖို့ ဆုံးဖြတ်လိုက်တယ်။

 

Healing from the Inside Out: A Holistic Approach to Transformation

ကုစားတယ် (healing) ဆိုတာ spirituality လမ်းကို လျှောက်ရုံတင် မကပါဘူး။

ကိုယ့်ရဲ့ ကိုယ်ခန္ဓာရယ် (body)၊ စိတ်ရယ် (mind)၊ spirit ရယ်  ဆက်စပ်ပုံကို နက်နက်နဲနဲ နားလည် အောင် လုပ်ခြင်းလည်း ဖြစ်ပါတယ်။ ကျွန်မရဲ့ ပြောင်းလဲခြင်း ခရီးစဉ်ကို အဲဒီကနေ စ,ပြီး လျှောက်ခဲ့တာပါ။ ဝမ်းတွင်းအသိ (intuition)၊ energy, frequency စတဲ့ အကြောင်းတွေ လူအတော်များများ ပြောနေကြတာ ကြားကြမှာပါ။ သိပ္ပံပညာ အထောက်အထားနဲ့ ပြလို့ ရတယ်လို့လည်း ကြားဖူးမှာပါ။ ဒါပေမဲ့  သိပ္ပံနည်းကျကျ ဘယ်လို အထောက်အထားတွေနဲ့ ပြနိုင်တယ်ဆိုတာကိုတော့ အကျယ်တဝင့် ပြောတာ ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ 

ကျွန်မအတွက်ကတော့ intuition ဆိုတာ ကုစားခြင်း (healing)ရဲ့  အစ ဖြစ်တယ်လို့ ပြော ရမယ်။ သူများနဲ့ အလုပ်လုပ်ပုံ မတူတာက - healing လုပ်တဲ့အခါ  လက်တွေ့ကျကျ အထောက်အထားတွေနဲ့ နားလည်အောင်၊  အထူးသဖြင့် အာရုံနာဗ်ကြောသိပ္ပံ (neuroscience) ရှုဒေါင့်ကနေ ဘယ်လို ကုစားတယ်ဆိုတာ နားလည်အောင် လုပ်ရပါတယ်။ ​

သုတေသနပြုချက်တွေအရ သတိပဌာန် ကျင့်စဉ်တွေဟာ amygdala ( ဦးနှောက်အထဲက ကြောက်လန့် စိတ်ကို ထိန်းညှိတဲ့ဗဟို) သေးကျုံ့သွားစေပြီး၊ အဆုံးအဖြတ်ပေးတဲ့ နိုးကြားအသိရှိမှုကို ထိန်းညှိတဲ့ prefrontal cortex ပမာဏ ပိုကြီးလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ကျွန်မလုပ်သမျှ အလုပ်တွေဟာ ရှေးအခါကတည်းက သိရှိကျင့်ကြံခဲ့ကြတဲ့ ရှေးအစဉ်အလာ အသိဉာဏ် (ancient wisdom) နဲ့ ခေတ်သစ်သိပ္ပံအမြင်တွေ ပေါင်းစပ်ပြီး  လုပ်တာဖြစ်ပါတယ်။

ကျွန်မ ဒီအတွေးအခေါ်တွေကို မြန်မာနိုင်ငံမှာ စ,မိတ်ဆက်တုန်းကဆိုရင် energy, frequency, personal development စတာတွေကို အခုလို နက်နက်နဲနဲ သိကြပြောကြသူ တော်တော်ရှားပါတယ်။ သူတို့ဘဝထဲ ဒါတွေကို အခြေခံ ဘယ်လို ကျင့်သုံးရမယ်ဆိုတာ သိဖို့ မပြောနဲ့၊ concept ကိုတောင် နားလည်တဲ့လူ အတော်ရှားပါတယ်။ ဒါပေမဲ့ တစ်နှစ်အတွင်း ပြောင်းလဲသွားပြီး တဖြည်းဖြည်း ပြောလာကြရာက ဒီနေ့ဆိုရင် ကျွန်မရဲ့ သင်တန်းသားတွေ ကိုယ်တိုင်က ဒီ concept တွေကို ပြန် သင်ကြားပို့ချ နေကြပါပြီ။

 

Real Stories, Real Transformation

ကျွန်မရဲ့ လုပ်သက်အတွင်း မယုံနိုင်လောက်အောင် ပြောင်းလဲပေးနိုင်တဲ့ ဖြစ်ရပ်တွေ  ကိုယ်တွေ့ ကြုံခွင့် ရခဲ့ပေါင်းများပါပြီ။ အမျိုးသမီးတယောက်ရဲ့ အဖြစ်အပျက်ကို ပြောပြရမယ်ဆိုရင် - သူ့ကို  Andy လို့ ခေါ်ကြပါစို့ - ရာသီမမှန်တဲ့ ပြဿနာအပြင် တခြား လပေါင်းများစွာ ကျန်းမာရေး ပြဿနာ ဖြစ်နေတဲ့ Andy ကျွန်မဆီကို ရောက်လာပါတယ်။ ကျွန်မနဲ့ အလုပ်လုပ်ပြီးတဲ့အခါ သူ့ ရာသီ စက်ဝိုင်း ပုံမှန် ပြန်လည်လာတဲ့အပြင်၊ ဘဝမှာ အရာရာကို ဟန်ချက်ညီညီ နဲ့ ပြန်ပြီး လျှောက်လမ်း လာနိုင်ခဲ့တယ်၊ sense of balance ပြန်ရလာပါတယ်။

ကျွန်မရဲ့ client နောက်တယောက် ဖြစ်တဲ့ Shay ဟာ သူ့မှာ ရှိမှန်း မသိခဲ့တဲ့ ကျန်းမာရေး ပြဿနာတစ်ခုကို ကျွန်မတို့ရဲ့ ဆွေးနွေးခန်းတွေကနေ သိလိုက်ရပါတယ်။ သူ့ကိုယ်ခန္ဓာက သူ့ကို ပေးနေတဲ့ message ကို သိနားလည်လိုက်တဲ့အတွက် အချိန်မီ ကုစားနိုင်ခဲ့ပါတယ်။

ရုပ်ပိုင်း ကျန်းမာရေးချည်း ကုစားတာ မဟုတ်ပါဘူး။ ငွေရေးကြေးရေး ကိစ္စတွေမှာ ရှေ့မတိုး နိုင်ဘဲ ပိတ်ဆို့နေတဲ့ ကျွန်မ client တော်တော်များများဟာ ကျွန်မနဲ့ အလုပ်လုပ်ကြတဲ့ နောက်ပိုင်းမှာ  သူတို့ အားလုံးပေါင်း ဝင်ငွေဟာ ဒေါ်လာ ၃၄ သန်းကျော် ရှာနိုင်တဲ့အထိ ပါဝါမဲ့ ဘဝကနေ တောက်ပြောင် ကြွယ်ဝလာကြပါတယ်။ အခုပြောပြနေတာ ကိန်းဂဏန်းတွေ အကြောင်း မဟုတ်ပါဘူး။ တကယ့်လူတွေအကြောင်း၊ သူတို့ဘဝမှာ တကယ့်ကို အပြောင်းအလဲကြီးတွေ လုပ်နိုင်တဲ့ အကြောင်းကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

An Invitation to Think Differently

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအရရော ပညာရေးစနစ်ကြောင့်ပါ ကျွန်မတို့ဟာ ကိုယ်တိုင် တွေးခေါ် စဉ်းစားခွင့် မရှိဘဲ၊ ဘာမဆို နှုတ်တိုက်ကျက်ပြီး စည်းကမ်းအတိုင်း လိုက်နာရတဲ့ ဘောင်ထဲမှာ ကျွန်မတို့ ကြီးပြင်းလာခဲ့ကြတာပါ။ ကျွန်မကိုယ်တိုင်ရော ကျွန်မ ပတ်ဝန်းကျင်မှာပါ တွေ့ရပါတယ်။

ဆန်းစစ်ဝေဖန် တွေးခေါ်တတ်ဖို့ (Critical thinking) အားမပေးပါဘူး။ မေးခွန်းထုတ်ပိုင်ခွင့်၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် မရှိပါဘူး။  ဘောင်ခတ်ခံထားရတဲ့ ဒီလို mindset ကြောင့် ကျွန်မတို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ် လုပ်ပိုင်ခွင့် ပါဝါက တခြားသူ၊ အစိုးရ၊ spiritual figure တွေ လက်ထဲမှာသာ ရောက်နေတတ်ပါတယ်။ 

အမှန်တကယ်က ကိုယ့်ဘဝကို ပြောင်းလဲနိုင်တဲ့ စွမ်းအားက ကိုယ့်ဆီမှာသာ ရှိနေတာပါ။ သူများက ကိုယ့်အတွက် ပြောင်းလဲ ပြုပြင်ပေးလို့ မရပါဘူး။ ကျွန်မရဲ့ သင်တန်းသားတွေကို အတွင်းလှည့် ကြည့်တတ်ဖို့၊ ကိုယ့်ဘဝကို ကိုယ်တာဝန် ယူတတ်ဖို့၊ အပြင်မှာ အဖြေရှာတဲ့ အကျင့်ကိုဖျောက်ဖို့ အမြဲ လမ်းညွှန်ပေးပါတယ်။ ကိုယ့်ပါဝါ ကိုယ့်လက်ထဲ ပြန်ရောက်ပြီဆိုတာနဲ့ အရာရာ ပြောင်းလဲသွားပါပြီ။

 

Practical Steps for Personal Responsibility

ကိုယ့်ဘဝမှာ ကိုယ်တာဝန်ယူတတ်အောင် စ,ကျင့်နိင်တဲ့ လွယ်ကူပြီး စွမ်းအားကြီးတဲ့ အဆင့် သုံးဆင့် ရှိပါတယ်။

၁။ တနေ့တာ ကိုယ်ရွေးချယ်ခဲ့သမျှကို ပြန်လှန်ဆင်ခြင်ပါ။

တနေကုန်ရင် ကိုယ်ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ငါးမိနစ်လောက် အချိန်ယူပြီး ပြန် ဆင်ခြင်ပါ။ ကိုယ်ဖြစ်ချင်တဲ့ ‘ကိုယ်’ နဲ့ ကိုက်ညီသလား။ ‘စစ်မှန်တဲ့ကိုယ်’ နဲ့ ကိုက်ညီအောင် မနက်ဖန် ဘာတွေ ပြောင်းလဲနိုင်သလဲ။

၂. အသေးအမွှားက စ,ပြီး တာဝန်ယူပါ။ 

ကိုယ့်မှာ ရှေ့မတိုးနိုင်ဘဲ ပိတ်ဆို့နေတဲ့အရာတွေထဲက တစ်ခုကို ရွေးပါ။ ကျန်းမာရေး၊ ငွေရေးကြေးရေး ဖြစ်ဖြစ် ဆက်ဆံရေး ဖြစ်ဖြစ် တစ်ခုကို ရွေးပြီး ‘ရှေ့ဆက်နိုင်အောင် ဒီနေ့က စ,ပြီး ဘယ် တစ်ခု လုပ်နိုင်မလဲ’ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မေးပါ။ အမူအကျင့်သစ်တစ်ခု စ,တာပဲဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်အသေးလေးတစ်ခု ချတာပဲဖြစ်ဖြစ် ခက်ခဲစရာမလိုတဲ့ ခြေလှမ်းတစ်ခု လှမ်းခြင်းဖြင့် ကိုယ့် ပါဝါ စွမ်းအား ပြန်ယူပါ။

၃. နေ့တိုင်း အချိန်ပေးပြီး ကိုယ့်ဝမ်းတွင်းကလာတဲ့ အသိ (intuition) ကို နားထောင်ပါ။

တရားမှတ်လို့ပဲဖြစ်ဖြစ်၊ journaling လုပ်ပြီးဖြစ်ဖြစ်၊ ဆိတ်ငြိမ်ကွယ်ရာမှာ စဉ်းစားဆင်ခြင်ပြီးပဲ ဖြစ်ဖြစ် ကိုယ့်အတွက် စစ်မှန်တဲ့ လမ်းကြောင်းကို လမ်းညွှန်ပေးမဲ့ inner voice ကို နားထောင်တဲ့ အကျင့်လုပ်ပါ။

A Legacy of Leadership

ကျွန်မ မြန်မာနိုင်ငံကို energy, frequency, healing စတဲ့ concept ပို့ချချက်တွေ စ,ယူဆောင် လာတဲ့ အချိန်က အားလုံးအတွက် အစိမ်းသက်သက် ဘာသာရပ် ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ လပိုင်းအတွင်းမှာပဲ အတော်များများ သဘောပေါက်လာကြပြီး အခု လေးနှစ်ကြာလာတဲ့ အခါမှာတော့ ကျွန်မရဲ့ သင်တန်းသားတွေကိုယ်တိုင်က ဒါတေွေကို ပြန်မျှဝေ နေကြပါပြီ။ တစ်ဦးတစ်ယောက် တိုးတက်ခြင်းဟာ အများကိုပါ တိုးတက်အောင် စေ့ဆော်ပေးခြင်း ဖြစ်တယ်ဆိုတာ ကျွန်မ အမြဲ ယုံကြည်ပါတယ်။

ကျွန်မ ကိုယ်တိုင်လည်း တိုင်းရင်းသမားတော်၊ shaman၊ biohacker တွေ ခေတ်ရေစီးကြောင်းထဲက ဂုရုတွေ အပြင် ခေတ်သစ် spiritual ဆရာသမား အမျိုးမျိုးဆီက သင်ယူခဲ့ရပါတယ်။ အရှေ့တိုင်းကနေ အနောက်တိုင်းအထိ ခရီးဆက်ပြီး အသိပညာရှာခဲ့ရာမှာ ရှေးဟောင်း ကျင့်စဉ်တွေနဲ့ ခေတ်သစ် သိပ္ပံ ပေါင်းစပ် ကျင့်သုံးတာဟာ စွမ်းအားကြီးပြီး ကြာရှည်ခံတဲ့ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်တယ်ဆိုတာ လက်တွေ့  သိနားလည်ခဲ့ပါတယ်။

ဒါကို သီအိုရီ ချည်း မဟုတ်ဘဲ၊ ဘဝထဲ ထည့်သွင်းပြီး ကိုယ်တိုင် ကျင့်သုံးခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၂၂ ခုက လူတွေနဲ့  ၁၀နှစ်ကျော် လုပ်လာခဲ့တဲ့ ကျွန်မရဲ့ အလုပ်က သက်သေပြနေပါတယ်။ အခုလည်း သင့်ကို လမ်းညွှန်ပေးဖို့ ကျွန်မ ဒီမှာ အသင့် ရှိနေပါတယ်။

The Power of Personal Responsibility

ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတယ်ဆိုတာ ပေါ့ပါး လွယ်ကူတဲ့အလုပ် မဟုတ်ပေမဲ့၊ ကိုယ့်အတွက်ရော ကမ္ဘာကြီးအတွက်ပါ အကောင်းဆုံး ပါဝင်အားဖြည့်ခြင်း (contribution) ဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ကိုယ့်စိတ်ပိုင်းကျန်းမာရေးကောင်းအောင် တာဝန်ယူတတ်သူတွေမှာ စိတ်ကျရောဂါ လက္ခဏာ ၃၀ ရာခိုင်နှုန်း လျော့ကျ တယ်လို့ ဆိုပါတယ်။ သူများက ကိုယ့်ကို ပြောင်းလဲအောင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်မဲ့အစား၊ ကိုယ့်ကိုယ်ကိုယ် အတွင်းလှည့် အဖြေရှာ နိုင်ရပါမယ်။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတတ်လာရင် ဘယ်လောက်တောင် ပြောင်းလဲ သွားမလဲ စဉ်းစားကြည့်ပါ။

 


Arabelle is a Speaker, Entrepreneur, creative, CEO, and solo mama. With a background in investment banking, she helps clients in over 110 countries unlock potential and pursue freedom. She lives between Dubai and Perth, believing real change starts from within.


Previous
Previous

6 Lessons from My Entrepreneurial Journey

Next
Next

Healing Is The Best Contribution