🇲🇲 Between Worlds Masterclass: Find Your Strength in Uncertainty

အခုချိန်မှာ ဘဝက ကိုယ့် control (ထိန်းချုပ်မှု) အောက်မှာ မရှိဘဲ ချာလပတ်ရမ်းနေတယ်လို့ ခံစားနေရတယ်ဆိုရင်

အဲ့ဒါ… သင် တစ်ယောက်တည်း မဟုတ်ဘူးနော်။

လူတိုင်းလိုလို စီးပွားရေး၊ လူမှုရေးနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ စတဲ့ နေရာတိုင်းမှာ ပရမ်းပတာနဲ့ ကမောက်ကမတွေ ဖြစ်နေတာက တကယ်ကို စိတ်ပင်ပန်းစရာ ကောင်းပါတယ်။

ဒါပေမဲ့ ဒီလို အခိုက်အတန့်လေးက ကိုယ့်ရဲ့ inner strength (အတွင်းထဲက အားအင်တွေ) ကို ပြန်ရှာဖွေဖို့ အကောင်းဆုံး ကာလ လို့ ကျွန်မ ပြောပြချင်ပါတယ်။

Between Worlds ဆိုတဲ့ masterclass ကို အခုလို ကြုံတွေ့နေရတဲ့ မသေချာ မရေရာတဲ့ အခိုက်အတန့်တွေ၊ ကိုယ်သွားချင်တဲ့ ပန်းတိုင်နဲ့ ရောက်နေတဲ့ နေရာကြားထဲက အခြေအနေတွေအတွက် ရည်ရွယ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီ masterclass ကနေတဆင့် ဒီလို အခြေအနေတွေကို ယုံကြည်မှုရှိပြီး ရှင်းလင်းပြတ်သားတဲ့ clarity အပြည့်နဲ့အတူ ရှေ့ဆက်နိုင်ဖို့ နည်းလမ်းတွေနဲ့အတူ guide လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အခုကစပြီး ပိတ်မိနေတယ်လို့ ခံစားစရာမလိုတော့ပါဘူး။

တကယ်လို့ သင်က ခွန်အားမရှိတော့သလို ခံစားရတယ်.. စိတ်တွေလည်း ရှုပ်နေပြီး သင်ထိန်းချုပ်လို့ မရတဲ့ အရာတွေအတွက် တိုက်ပွဲတွေ ဆက်တိုက်ဝင်နေရသလို ဖြစ်နေရင် ဒီ masterclass က သင့်အတွက်ပဲနော်။

ကျွန်မကိုယ်တိုင်လည်း ဒီလို အခြေအနေတွေ ကြုံတွေ့ခဲ့ဖူးတဲ့အတွက် အဲ့ဒီ ကြားကာလမှာ ခံစားရတဲ့ အဖြစ်အပျက်တွေကို နားလည်ပါတယ်။

ပြီးတော့ ဒီအရာတွေကို ကျော်ဖြတ်ဖို့အတွက် သင်လိုအပ်နေတဲ့ ခွန်အားက သင့်ရဲ့ အတွင်းထဲမှာ ရှိပြီးသားဆိုတာကိုလည်း သိနေပြီးသားပါ။

အဲ့ဒီ ခွန်အားကို ရယူဖို့ သင်လိုအပ်နေတဲ့ တစ်ခုတည်းသော အရာက နည်းလမ်းဖြစ်ပြီးတော့၊ အဲ့ဒါကို ပြပေးဖို့ ကျွန်မက အဆင်သင့်ရှိနေပါတယ်။


Arabelle is a Speaker, Entrepreneur, creative, CEO, and solo mama. With a background in investment banking, she helps clients in over 110 countries unlock potential and pursue freedom. She lives between Dubai and Perth, believing real change starts from within.


Previous
Previous

🇲🇲 5 Signs You're Stuck In A Transition (And How To Break Through It) 

Next
Next

🇲🇲 How to find strength when everything feels uncertain