🇲🇲 How to find strength when everything feels uncertain

ဘဝ ဆိုတာက လမ်းပြမြေပုံတစ်ခုလို မဟုတ်နေတော့၊ ကျွန်မတို့ရဲ့ ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ၊ ကျွန်မတို့ ကြုံတွေ့နေသမျှ အရာအားလုံးကကြိုတင်ခန့်မှန်းလို့ မရတဲ့အပြင် တစ်ခါတလေမှာ ကိုယ် ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေတတ်ပါတယ်။

တကယ်လို့ အခုအချိန်မှာ ကိုယ့်အနေနဲ့ စိတ်ရှုပ်စရာတွေ ကြုံနေရတယ်၊ တစ်နေရာရာမှာ ပိတ်မိနေသလိုမျိုး ခံစားရပြီး ကိုယ့်အနားမှာ ရှိတဲ့ အရာတွေအကုန်လုံးက ဆက်တိုက်ဆိုသလို ပြောင်းလဲနေတယ်လို့ ခံစားနေရတယ်ဆိုရင် ဒီလိုတွေ ကြုံတွေ့နေရတာ သင် တစ်ယောက်ထဲ မဟုတ်ဘူးလို့ အရင်ဆုံး ပြောပြချင်ပါတယ်။ မသေချာမရေရာ ဖြစ်နေတာတွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့်...တကယ်လို့ အဲ့ဒီအရာတွေက ကိုယ် လိုအပ်နေတဲ့ အားအင်တွေရဲ့ အဓိက သော့ချက်ဆိုရင်ကော?

ဘာကြောင့် ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့အချိန်က တစ်ခုခုကို စတင်ဖို့ အကောင်းဆုံးအချိန် ဖြစ်တာလဲ?

အခုအချိန်မှာ ကိုယ့်အနေနဲ့ အရင်တုန်းက ကိုယ်ရှိနေခဲ့တဲ့ နေရာဟောင်းမှာလည်း မဟုတ်တော့သလို ကိုယ်သွားချင်နေတဲ့ နေရာလည်း မဟုတ်တဲ့ " in-between " လို့ ခေါ်တဲ့ ကြားတစ်နေရာ၊ ကြားကာလတစ်ခုမှာ ပိတ်မိနေတယ်လို့ ခံစားကောင်း ခံစားနေရနိုင်တယ်။ ပြီးတော့ ဒီကြားကာလမှာ ကိုယ့်အနေနဲ့ အဆင်မပြေတာတွေ ရှိနိုင်သလို နာကျင်ဝမ်းနည်းစရာတွေလည်း ကြုံတွေ့ရနိုင်တယ်။

ဒါပေမဲ့ ကျွန်မတို့ တော်တော်များများ သတိမထားမိကြတဲ့ အမှန်တရားတစ်ခုက ဒီကြားကာလဆိုတာ ကျွန်မတို့ကို ပြောင်းလဲတိုးတက်အောင် အမှန်တကယ် တွန်းအားပေးနေတဲ့ နေရာတစ်ခု၊ အချိန်တစ်ခု ဆိုတာပါပဲ။

အရာရာတိုင်းက မသေချာ၊ မရေရာဖြစ်နေတဲ့အချိန်က ကျွန်မတို့ ကိုယ့်ရဲ့ အတွင်းထဲက inner strength နဲ့ ပြန်ပြီး ချိတ်ဆက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကိုယ့်မှာ ရှိနေမှန်းတောင် သတိမထားမိတဲ့ ကိုယ့်ရဲ့ ဟိုးအတွင်းနက်ထဲက ခွန်အားတွေကို ရယူနိုင်ဖို့ ဒီ "unknown " ဆိုတဲ့ အရာကပဲ တွန်းအားပေးနေတာဖြစ်ပါတယ်။

မသေချာ၊မရေရာမှုတွေရဲ့ မမြင်ရတဲ့ Power က ဘာလဲ?

ဘဝကြီးက ကမောက်ကမဖြစ်နေတဲ့အချိန်တွေမှာ ရှေ့ဆက်သွားဖို့တောင် အားအင်မရှိတော့သလိုမျိုး ခံစားကောင်း ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လေ ကျွန်မပြောပြချင်တာက ကျွန်မတို့ ကြုံတွေ့နေရတဲ့ မသေချာ၊ မရေရာမှုတွေက အားနည်းချက်တွေ မဟုတ်ဘဲ ကိုယ် သွားချင်တဲ့နေရာကို သွားနိုင်အောင် လမ်းဖွင့်ပေးနေတဲ့ တံခါးပေါက်တွေ ဆိုတာပါပဲ။

ဒါကြောင့် မသေချာ၊မရေရာမှုတွေနဲ့ ကြုံတွေ့နေရတဲ့ အချိန်တွေမှာ ကိုယ့်အနေနဲ့ ထိန်းချုပ်လို့ မရတဲ့ အရာတွေကို လက်လွှတ်ပြီး ကိုယ် လုပ်နိုင်တဲ့ အရာတွေကို ရှာဖွေလို့ရတယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က အရာအားလုံးပြောင်းလဲနေတဲ့အချိန်မှာ ကိုယ်ကရော ဘယ်လိုလူမျိုး ဖြစ်လာချင်လဲ? ဘယ်လိုပုံစံမျိုးနဲ့ ရှေ့ဆက်သွားချင်လဲ? ဆိုတာကို ဆုံးဖြတ်လို့ ရတယ်။

ဒါဆိုရင် ဘယ်လိုမျိုး စလုပ်ကြမလဲ?  

ပထမဆုံးအနေနဲ့ ပြောင်းလဲမှုသေးသေးလေးတွေကို စလုပ်ကြည့်ကြရအောင်။ အရာအားလုံးက တဖြည်းဖြည်း ပြိုလဲလာနေတယ်လို့ ခံစားရတဲ့အချိန်မှာ ကိုယ့်အနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်လို့ရတဲ့ အရာလေးတွေကို ကျွန်မ ပြောပြပေးသွားပါမယ်။

မသေချာ၊ မရေရာမှုတွေကြားမှာ ကိုယ့်ရဲ့ အားအင်ကို ပြန်ရှာဖွေနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်း ၃ ခု 

၁။ နေ့စဉ် လုပ်နေကြအရာတွေကို ပြောင်းလဲကြည့်ပါ။ 

ဘဝကြီးက မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ သေးငယ်တဲ့ အလေ့အကျင့်လေးတွေကတောင် ကိုယ့်ရဲ့ တစ်နေ့တာကို အေးချမ်းစွာနဲ့ ဖြတ်သန်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ မနက်ခင်းတိုင်း တရားထိုင်တာ၊ တစ်နေ့ကို ၁၀ မိနစ်လောက် လမ်းလျှောက်တာ၊ journaling လုပ်တာ စတဲ့ ဒီလိုမျိုး အလေ့အကျင့် သေးသေးလေးတွေက တစ်နေ့တာကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်ရုံတင်မဟုတ်ဘဲ ကိုယ့်စိတ်ရဲ့ ထိန်းချုပ်နိုင်စွမ်းတွေကို ပြန်လည်ရရှိဖို့လည်း ကူညီပေးနိုင်ပါတယ်။

၂။ ထိန်းချုပ်လို့ရတဲ့ အရာတွေပေါ်မှာပဲ အာရုံစိုက်ပါ။

ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေ အကုန်လုံးကို ထိန်းချုပ်လို့မရပေမယ့်၊ ကိုယ့်အနေနဲ့ အဲ့ဒီအရာတွေကို ဘယ်လိုမျိုး တုံ့ပြန်မလဲဆိုတာကိုတော့ ထိန်းချုပ်လို့ရပါတယ်။

မနက် အိပ်ရာနိုးပြီဆိုရင် "ဒီနေ့ ကိုယ် ဘာကို ထိန်းချုပ်မလဲ?" ဆိုပြီး တွေးကြည့်ပါ။

ဥပမာ၊ ကိုယ့်ရဲ့ မနက်ခင်းကို ဘယ်လိုမျိုး ဖြတ်သန်းမလဲ? ဒါမှမဟုတ် ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လို ဖြေရှင်းမလဲ? စတဲ့ ကိစ္စသေးသေးလေးတွေကနေ စလုပ်ကြည့်ပါ။

ကိုယ် ထိန်းချုပ်လို့ရတဲ့ အရာတွေ အပေါ်မှာပဲ အာရုံစိုက်ပြီး တခြားအရာတွေကိုတော့ ဒီအတိုင်းလေးပဲ လွှတ်ထားလိုက်ပါ။

၃။ ကြုံတွေ့နေရတဲ့ ကြားကာလ - In Between ကို ယုံကြည်ပါ။

ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို မသိရတဲ့ unknown ဆိုတဲ့ အချိန်ကို ကြောက်နေမယ့်အစား၊ အဲ့ဒီအချိန်လေးကို ကိုယ့်ကိုယ့်ကိုယ် ယုံကြည်ဖို့ သင်ယူနေတဲ့ အချိန်တစ်ခုအဖြစ် မြင်ယောင်ကြည့်ပါ။

အခု ကိုယ်ရောက်နေတဲ့ ကြားကာလက ကိုယ့်ရဲ့ အားအင်တွေကို စမ်းသပ်တဲ့နေရာလည်း ဖြစ်သလို ကိုယ့်ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေကို တည်ဆောက်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကိုယ် ခံစားနေရတဲ့ သက်တောင့်သက်သာမဖြစ်တဲ့ စိတ်ခံစားချက်မှန်သမျှကို နားလည်လက်ခံလိုက်ပါ။အခုလက်ရှိမှာ ကိုယ်ကြုံတွေ့နေရတာတွေအတွက် အဖြေမရှိသေးရင်တောင် ဒီအခြေအနေတွေက ကိုယ့်ကို ပြောင်းလဲတိုးတက်လာအောင် သင်ပေးနေတာပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာက ဘာကြောင့် အရာအားလုံးကို ပြောင်းလဲသွားစေနိုင်တာလဲ?

ကိုယ့်အနေနဲ့ ဘဝရဲ့ အခက်ခဲဆုံး အခြေအနေမှန်သမျှကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ပြီးပြီ။ အဲ့တာကလည်း ကံကောင်းပြီး မတော်တဆ ကျော်ဖြတ်နိုင်ခဲ့တာ မဟုတ်ဘူးနော်။

ဒါပေမဲ့ ဒီလို အခက်အခဲတွေကို ကျော်ဖြတ်ပြီးတာတောင် အခုအချိန်မှာ ကိုယ်က တစ်နေရာရာမှာ ရပ်တန့်နေတယ်၊ ပိတ်မိနေတယ်လို့ ခံစားနေရတယ်ဆိုရင်...ဒါက ကိုယ် လိုအပ်နေတဲ့ အဖြေတွေကို ကိုယ့်ရဲ့ အပြင်ဖက်မှာပဲ ရှာဖွေဖို့ ပြောနေတဲ့ ဘေးနားက စကားသံတွေကြောင့်ပါ။ တကယ်တော့ အားလုံးမသိကြသေးတာက ကျွန်မတို့တွေ အပြင်မှာ လိုက်ရှာနေမိတဲ့ အဖြေတွေက ကျွန်မတို့ရဲ့ အတွင်းထဲမှာ ရှိနေပြီးသားဆိုတာပဲ ဖြစ်ပါတယ်။

The Between Worlds Masterclass က သင့်ကို သင့်ရဲ့ ဟိုးအတွင်းနက်နက်ထဲမှာ ရှိတဲ့ inner-strength နဲ့ ပြန်ချိတ်ဆက်ပြီး အခု သင်ရောက်နေတဲ့ ကြားကာလကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့အတွက် လိုအပ်နေတဲ့ နည်းလမ်းတွေ၊ ရှင်းလင်းပြတ်သားမှုတွေနဲ့ ယုံကြည်မှုတွေကို ပေးသွားမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ထပ်ပြီး ယုံကြည်ဖို့ သင်ယူချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အနာဂတ်အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို လေ့လာချင်လို့ပဲဖြစ်ဖြစ်...ဒီ masterclass ကနေတဆင့် ကိုယ် ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။

ပထမဆုံးခြေလှမ်းကို ဒီနေ့က စပြီး လှမ်းလိုက်ပါ။

"အခု အခြေအနေကြီးကို ငါ တကယ်ပဲ ကျော်ဖြတ်နိုင်ပါ့မလား" ဆိုပြီး တွေးကောင်း တွေးနေမိလိမ့်မယ်။ ကျွန်မရဲ့ အဖြေကတော့ "YES! ကျော်ဖြတ်နိုင်တယ်" ဆိုတာပါပဲ။ ဒါပေမဲ့ အဲ့လို ကျော်ဖြတ်နိုင်ဖို့အတွက်လည်း ဒီနေ့ကစပြီး ကိုယ် လုပ်သင့်တာကို စလုပ်ဖို့ လိုပါတယ်။ သင့်အနေနဲ့ အရာအားလုံးကို အဖြေရှာတွေ့ဖို့၊ သိနေဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ ပထမဆုံး ခြေလှမ်းကို ရဲရဲဝံ့ဝံ့နဲ့ စပြီး လှမ်းလိုက်ဖို့ပဲ လိုပါတယ်။

The Between Worlds Masterclass ကို join လုပ်ပြီး လက်ရှိ ကိုယ် ကြုံတွေ့နေရတဲ့ မသေချာ၊မရေရာမှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ့်၊ ကိုယ် လိုအပ်နေတဲ့ ရှင်းလင်းပြတ်သားတဲ့ အဖြေတွေကို ရှာဖွေလိုက်ပါ။ အရာအားလုံးက မသေချာ၊ မရေရာဖြစ်နေရင်တောင်မှ ကိုယ့်မှာ ရှေ့ဆက်သွားနိုင်မယ့် အားအင်တွေ ရှိနေပြီးသားပါ။


ကိုယ်သွားချင်တဲ့ နေရာနဲ့ ကိုယ်လက်ရှိရောက်နေတဲ့နေရာ ကြားထဲမှာ ဘာလုပ်ရမယ်မှန်းမသိဘဲ ပိတ်မိနေသလိုမျိုး ခံစားနေရလား။

ဘဝရဲ့ မသေချာမရေရာမှုတွေက ကိုယ် နောက်ထပ် လျှောက်လှမ်းရမဲ့ခြေလှမ်းတွေကို တွန့်ဆုတ်သွား စေတဲ့အထိ ဖြစ်နိုင်ပါတယ်။

ကျွန်မရဲ့ Between Worlds Masterclass မှာ ကိုယ့်ရဲ့ အတွင်းထဲက ခွန်အားတွေကို ပြန်ရယူဖို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်တည်ဆောက်ဖို့နဲ့ ကိုယ့်ဘဝအတွက် တိကျတဲ့ ရှင်းလင်းပြတ်သားမှုတွေကိုရှာဖွေနိုင်ဖို့ကို အသေးစိတ် ပြောပြပေးသွားမှာပါ။

တကယ် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို အသုံးချပြီး ကိုယ့်ဘ၀ကို ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့်အပြင် နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ပြန်တည်ဆောက်နိုင်လာပါလိမ့်မယ်။

ဒါဟာ သမာရိုးကျ masterclass တစ်ခုထက်ပိုတဲ့ ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲစေနိုင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်တာ‌ကြောင့်...

Join us now.


ဒီစာကို ဖတ်ဖို့ လိုအပ်နေတဲ့ တခြားသူတွေကိုလည်း မျှဝေပေးပါ။

တကယ်လို့ ဒီ blog post က သင့်အတွက် အကူအညီဖြစ်စေတယ်ဆိုရင်၊ သင့်ဘဝထဲက တခြားသူတွေလည်း ကျွန်မပြောပြသွားတဲ့ အကြောင်းအရာတွေကို နားထောင်ဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် ဒါကို သူတို့ကိုလည်း မျှဝေပြီး သူတို့ ကြုံတွေ့နေရတဲ့ in-between ဆိုတဲ့ ကြားကာလတွေမှာ သူတို့ရဲ့ အတွင်းထဲက အားအင်တွေကို ပြန်ရှာဖွေတွေ့ရှိနိုင်အောင် ကူညီပေးလိုက်နော်။


Arabelle is a Speaker, Entrepreneur, creative, CEO, and solo mama. With a background in investment banking, she helps clients in over 110 countries unlock potential and pursue freedom. She lives between Dubai and Perth, believing real change starts from within.


Previous
Previous

🇲🇲 Between Worlds Masterclass: Find Your Strength in Uncertainty

Next
Next

How I Made 427 Sales in 48 Hours (And the Strategies Behind It)