🇲🇲 How I Biohacked My Health

၂၀၂၁ တုန်းက ကျွန်မရဲ့ စိတ်ကူးထဲက အိမ်လေးမှာ နေမယ်ဆိုပြီး Melbourne ကနေ Perth ကို ပြောင်းလာခဲ့တယ်။ ကျွန်မနဲ့ ကျွန်မရဲ့ မိသားစုအတွက် လှပပြီး ပြီးပြည့်စုံတဲ့နေရာလေးဖြစ်အောင် အချိန်တွေ၊ ငွေတွေ အများကြီး အကုန်ကျခံပြီး အိမ်လေးကို ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ ဒါတွေက တကယ်အဖြစ်မှန်လား? တကယ့်တကယ်တမ်းတော့ အဲ့တာကို ကြည်နူးဖို့ နေနေသာသာ လူက နေလို့မကောင်းဖြစ်ပြီး အပင်ပန်းလွန်နေခဲ့တယ်။ 

တချို့ appointment တွေကို ဖျက်လိုက်၊ ကတိကဝတ်တွေ ပျက်နေခဲ့ရပြီး ရက်တော်တော်များများမှာ လူက ကြမ်းပြင်ပေါ်ကနေ ထဖို့ ခွန်အားမရှိသလောက်ပါပဲ။ ကျွန်မရဲ့ ခန္ဓာကိုယ်က အခွံအလွတ်ကြီးလိုမျိုး ခံစားခဲ့ရတယ်။ ငိုရတဲ့ ရက်တွေလည်း မနည်းပါဘူး။ ကျွန်မရဲ့ energy တွေကို စုစည်းနိုင်တဲ့ တစ်ခုတည်းသောအချိန်က ကျွန်မရဲ့ သားလေး ကျွန်မကို လိုအပ်တဲ့အချိန်တစ်ခုတည်းမှာပါပဲ ။ ကျန်တဲ့အချိန်တွေမှာတော့ အရာအားလုံး ပြိုကျသွားသလိုပဲ ခံစားခဲ့ရတယ်။  

လူတော်တော်များများလိုပဲ အဖြေကိုမျှော်လင့်ပြီး ဆရာဝန်နဲ့ သွားပြခဲ့တယ်။ ဒါပေမဲ့ ဆရာဝန်က " မင်းရဲ့ စိတ်က ဖြစ်နေတာ " လို့ပြောပြီး ကျွန်မကို စိတ်ပညာရှင်ဆီသွားဖို့ ညွှန်းခဲ့တယ်။ ကျွန်မ သွားပြကြည့်ခဲ့ပေမယ့် ဘာမှ မပြောင်းလဲလာဘူး။ ဒီပင်ပန်းနွမ်းနယ်မှုတွေ၊ ခံစားချက် အပြောင်းအလဲတွေရဲ့ သံသရာမှာ ကိုယ့်ကိုယ်ကိုယ် လုံးလုံး ပျောက်ဆုံးသွားသလို ခံစားခဲ့ရတယ်။ 

အဲဒီအချိန်မှာပဲ ကျွန်မရင်ထဲ တစ်ခုခုပြောင်းသွား သလိုခံစားတယ်။ ကျွန်မကို ကယ်ဖို့ ဘယ်သူမှလာမှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ ဒီလိုခံစားရတာတွေကနေ သက်သာချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ကျန်းမာရေးကို ထိန်းသိမ်းပြီး ကိုယ့်ဟာကိုယ် အဖြေရှာရမယ်ဆိုတာ နားလည်လာခဲ့တယ်။

Taking Control of My Health

အမှန်အတိုင်းပြောရရင်တော့  မလွယ်ဘူး။ ရှေ့ ခြေလှမ်းတိုင်းအတွက် ခြေနှစ်လှမ်း နောက်ပြန်ဆုတ်နေသလို ခံစားရတယ်။ ဟုတ်တယ် …ကျွန်မ အိပ်ချိန်တွေ နည်းနည်းပိုကောင်းလာတယ်၊ ကိုယ်အလေးချိန်လည်း တက်လာတယ်။ ဒါပေမဲ့ ကျွန်မရဲ့ energy တွေက နေရာအနှံ့မှာ ပျံ့နေတုန်းပဲ။

အဲ့အချိန်မှာ ကျွန်မရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က အသက်ရှင်ဖို့ လုံလောက်တဲ့ energy ရှိဖို့ပါပဲ။ အဲ့တုန်းက biohack”လုပ်ဖို့လည်း အစီအစဉ် ကြီးကြီးမားမား မရှိခဲ့ဘူး - ပုံမှန်လည်ပတ်နေတဲ့ လူသားတစ်ယောက်လိုပဲ ပြန်ဖြစ်ချင်ခဲ့တာ။

အရင်က biohacking အကြောင်းကြားဖူးပေမယ့် သူက အင်မတန်နက်နဲပြီး သိပ္ပံနည်းကျသွားတဲ့ ပုံပေါက်တယ်။ အဲ့တုန်းက ကျွန်မမှာ ဒါတွေကို လေ့လာဖို့ အချိန်တွေ ခွန်အားတွေ ရှိတယ်လို့လည်း မထင်ခဲ့ဘူး။ ရယ်တော့ ရယ်ရတယ် .. တကယ်က ကျွန်မကိုယ်တိုင်က ဒါတွေကို သေချာမသိပဲ biohacking ဆိုတဲ့ ခေါင်းစဉ်အောက်က တချို့ တချို့သော အရာတွေကို လုပ်နှင့်နေပြီးပြီဆိုတာကို သိလိုက်ရတယ်။ 

ဥပမာ - ၂၀၁၇ ကတည်းက ကျွန်မ အေးတဲ့ရေကန်ထဲမှာပဲ ရေကူးလေ့ရှိတယ်။ ပြီးတော့ ဒီလို အလေ့အကျင့်တွေဖြစ်တဲ့ intermittent fasting လုပ်တာမျိုး၊ red light therapy လုပ်တာနဲ့ တရားထိုင်တာ တွေကို ပိုနက်နက်ရှိုင်းရှိုင်း လုပ်လာလေလေ .. ကျွန်မ ခန္ဓာကိုယ်က ဒါတွေကို တဖြည်းဖြည်း တုံ့ပြန်လာတာကို သတိထားမိလာခဲ့တယ်။ 

ဒါပေမဲ့ ဒီနေရာမှာ တစ်ခုရှိတာက- အဲဒါက အရာအားလုံးကို ပြောင်းလဲစေတဲ့ နည်းလမ်းတစ်ခုပဲ မဟုတ်ပါဘူး။ အဲဒါက အပေါ်မှာ ပြောခဲ့တဲ့  အလေ့အကျင့်လေးတွေ တစ်ခုနဲ့တစ်ခုရဲ့ ပေါင်းစပ်မှုရဲ့ ရလဒ်ပါပဲ။ ပြီးတော့ ဒါတွေကို ကျွန်မ တင်းတင်းကျပ်ကျပ် မလုပ်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးတယ်၊ အလေးထားတယ်။ ကျွန်မအတွက် အကျိုးရှိစေတဲ့အရာကို စမ်းသပ်နေတာဖြစ်တဲ့အတွက် စည်းမျည်းစည်းကမ်း စာအုပ်တစ်အုပ်လိုမျိုးတော့  လိုက်မလုပ်ခဲ့ဘူး။

ဒီလိုလုပ်တဲ့ အချိန်မှာ စိန်ခေါ်မှုတွေလည်း ရှိခဲ့တယ်။ အထူးသဖြင့် အစားအသောက်နဲ့ ပတ်သက်ရင်  ကျွန်မက သကြားကိုကြိုက်တယ်၊ အစပိုင်းမှာတော့ ကိုယ်ကြိုက်တဲ့ comfort food တွေကို မစွန့်လွှတ်ချင်ခဲ့ဘူး။ ဒါပေမယ့် လူက နေလို့ပိုကောင်းလာတာနဲ့အမျှ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ချင်ခဲ့တာ သဘာဝပါပဲ။  

အချိန်ကြာလာတာနဲ့ အမျှ ကျွန်မအာရုံတွေလည်း ပြောင်းလဲလာခဲ့တယ်။ ဒါက ကိုယ့် ခန္ဓာကိုယ်လှအောင်၊ ဒါမှမဟုတ် အသက်ပိုရှည်အောင်အတွက် လုပ်နေတာ ဆိုတာထက် ကျွန်မရဲ့ စိတ်ရောကိုယ်ပါ အတူတူ ယှဥ်တွဲပြီး အလုပ်လုပ်နေတဲ့ ပျော်ရွှင်ကျန်းမာတဲ့ ဘဝနေထိုင်မှုကြောင့် လုပ်ရတာဖြစ်လာတယ်။

 

Sharing What I've Learned with You

ဒါကြောင့်လည်း ကျွန်မ လေ့လာမိသမျှကို မျှဝေပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ပင်ပန်းနွမ်းနယ်ပြီး လူက အားမရှိသလို ဖြစ်နေတဲ့ ခံစားချက်ကို ကျွန်မကောင်းကောင်းနားလည်းတယ်။  ပြီးတော့ ကိုယ့်ရဲ့ Energy တွေ ပြန်ရလာတဲ့အချိန်မှာ လူက အရင်ထက် ပိုသန်မာပြီး စိတ်တွေကလည်း ပိုပြီး ကြည်လင်လာတဲ့ ခံစားချက်ကို ကောင်းကောင်းသိတယ်။ 

Biohacking ဆိုတာက ကျန်းမာရေးလိုက်စားသူတွေအတွက်တော့ အထူးတလည် သိရမယ့် လျှို့ဝှက်ချက် မဟုတ်ပါဘူး - Biohacking ဆိုတာက  ကိုယ့်ကျန်းမာရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်စေဖို့  အလေ့အကျင့် သေးသေးလေးတွေက စပြီး လုပ်ဆောင်လို့ရတဲ့ အရာတစ်ခုပါ။  

ဒီမှာ ကျွန်မသိ သမျှကို ဆရာစားမချန်ဘဲ ပြောပြပေးသွားမှာပါ။ ကျွန်မ ခံယူချက်က ရှင်းပါတယ်- ကိုယ်နဲ့ အဆင်ပြေတာ တစ်ခုကိုတွေ့ရင် ကိုယ့် community ကို မျှဝေပေးမယ်။ (ဒါပေမဲ့ ကျွန်မ မျှဝေတဲ့ အရာတိုင်းက သင့်အတွက် လိုချင်မှလည်း လိုပါလိမ့်မယ်)

ကျန်းမာရေးဆိုတာက ပန်းတိုင်တစ်ခုဆိုတာထက် ခရီးနှင်နေတာဆို ပိုမှန်လိမ့်မယ်။ ဒီကနေ ကျွန်မတို့ အတူတူ ပိုပြီး သင်ယူကြမယ်။ လေ့လာကြမယ်။  

ကျွန်မဘဝကို အကြီးဆုံးပြောင်းလဲစေခဲ့တဲ့ အလေ့အကျင့်လေးတွေကို လိုက်ကြည့် ရအောင်။ အခုကျွန်မပြောတာတွေ အားလုံးကို တစ်ပြိုင်နက်တည်း လိုက်လုပ်ဖို့ မလိုပါဘူး။ သေးသေးလေးကနေစပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ အရာတွေကို ကြည့်ကြည့်ပါ၊ နေ့တိုင်းသွားတိုက်သလိုမျိုး ကိုယ့်နေ့စဉ်အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်အောင် လုပ်ကြည့်ပါ။

The Key Biohacking Practices That Transformed My Health

1. Daily Supplements 

ဖြည့်စွက်စာတွေက ကျွန်မရဲ့ health routine အတွက် အဓိကအရေးပါတဲ့ အရာတွေဖြစ်ပြီး ကိုယ်ခံအားပိုပြီးကောင်းလာအောင်၊ energy ကို ဟန်ချက်ညီလာအောင်၊ စိတ်ကြည်လင်ပြတ်သားအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

  • Vitamin DAK - ကိုယ်ခံအားကောင်းမွန်စေရန်နဲ့ အရိုးသန်မာကြံ့ခိုင်စေရန်အတွက်။ 

  • CoQ10 - Cellular energy နဲ့ နှလုံးသွေးကြောကျန်းမာရေးအတွက်။

  • Ashwagandha - စိတ်ဖိစီးမှုလျော့ချရန်နဲ့ ဟော်မုန်းတွေကို ဟန်ချက်ညီစေရန်အတွက်။

  • Curcumin - ရောင်ရမ်းမှုကို လျော့ချရန်နဲ့ အဆစ်အမြစ်ကျန်းမာရေးအတွက်။

  • Vit Bs + Folate - စွမ်းအင်ထုတ်လုပ်မှုနဲ့  စိတ်ကြည်လင်ရှင်းလင်းမှုအတွက်။

  • Zinc & Copper - ဟန်ချက်ညီတဲ့ စွမ်းအင်နဲ့ ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းရန်အတွက်။

  • Smart Mode - အမြင်အာရုံနဲ့ အာရုံစူးစိုက်မှု ကောင်းမွန်စေရန်အတွက်။

  • Zen Mode - စိတ်အပန်းပြေစေရန်နဲ့ စိတ်ဖိစီးမှုကို ထိန်းညှိနိုင်စေရန်အတွက်။

  • H2 + Magnesium - ရေဓါတ်၊ စွမ်းအင်ပြည့်ဝစေရန်နဲ့ ကြွက်သားလုပ်ဆောင်မှုတွေအတွက်။ 

  • Probiotics - အူလမ်းကြောင်းကျန်းမာရေးနဲ့ အစာခြေစနစ်ကို အထောက်အကူ ဖြစ်စေရန်အတွက်။

ဒီဖြည့်စွက်စာတစ်ခုချင်းဆီက ကျွန်မရဲ့စိတ်နဲ့ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်အောင် ထိန်းသိမ်းပေးတဲ့နေရာမှာ အဓိကအရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်မအတွက် အကိုက်ညီဆုံးဖြစ်တဲ့ ဖြည့်စွက်စာကို သိလာခဲ့ရတယ်။ လူတိုင်းရဲ့ ခန္ဓာကိုယ်က တစ်ယောက်နဲ့ တစ်ယောက်မတူညီတာကြောင့် အပေါ်မှာ ကျွန်မပြောပြထားတဲ့ ဖြည့်စွက်စာတွေထဲက တစ်ခု၊ နှစ်ခုလောက်နဲ့ အရင်စကြည့်ပြီး ကိုယ့်ရဲ့ energy က ဘယ်လိုမျိုးပြောင်းလဲလာလဲဆိုတာကို ကြည့်ကြည့်ပါ။

2. Physical Practices

ကိုယ်ခန္ဓာလှုပ်ရှားမှုကလည်း ကျွန်မရဲ့ health journey ရဲ့ အရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်တယ်။ အောက်မှာ ပြောပြပေးသွားမယ့် နည်းလမ်းတွေက ကျွန်မကို ပိုပြီး ကျန်းမာကြံ့ခိုင်လာစေဖို့၊ အာရုံကြောစနစ်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းထားနိုင်စေဖို့ ကူညီပေးပါတယ်။ 

  • Cold Therapy - ရေအေးနဲ့ ရေချိုးတာကနေ အေးစက်တဲ့ရေထဲမှာ ရေကူးတာအထိ cold therapy ကို ကျွန်မ နှစ်ပေါင်းများစွာ လုပ်ခဲ့တယ်။ ဒီနည်းလမ်းက ရောင်ရမ်းမှုတွေကို လျော့ချပေးပြီး ပြန်ပြီးမြန်မြန်ဆန်ဆန်နဲ့ recovery ဖြစ်စေတဲ့အပြင် energy ကိုလည်း တိုးလာစေပါတယ်။

  • Strength Training, Mobility, and Weightlifting - ကျွန်မလေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း နေမကောင်းဖြစ်လေ့ရှိပေမယ့် အခုဆိုရင် strength training က ကျွန်မနေ့တိုင်းလုပ်နေတဲ့အရာတွေထဲက တစ်ခုဖြစ်လာခဲ့တယ်။ ကျွန်မကို ပိုပြီး သန်မာလာစေပြီး စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားကိုလည်း တိုးတက်လာစေတယ်။

  • Intermittent Fasting - အစာရှောင်တာက စစချင်းတော့ ခက်ပေမယ့် အခုဆိုရင် ကျွန်မကို တစ်နေ့တာအတွက် စိတ်ကြည်လင်မှုနဲ့ energy ကို ရစေပါတယ်။

  • Grounding (Earthing) - မြေကြီးပေါ်မှာ ​ခြေဗလာနဲ့ လမ်းလျှောက်တာက ရောင်ရမ်းမှုတွေကို သိသိသာသာ လျော့ကျစေပြီး ကျွန်မရဲ့ အာရုံကြောစနစ်ကို ဟန်ချက်ညီအောင်ထိန်းထားနိုင်ဖို့ ကူညီပေးပါတယ်။

  • Infrared Sauna Therapy - ဒါက အရမ်းပင်ပန်းတဲ့နေ့တွေမှာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားဖို့နဲ့ စိတ်အပန်းဖြေဖို့အတွက် ကျွန်မလုပ်လေ့ရှိတဲ့ အရာပါပဲ။ 

  • Breathwork - ကျွန်မ စိတ်ပင်ပန်းနေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အစကနေပြန်ပြီး reset ချဖို့ လိုအပ်တဲ့အခါမှာပဲဖြစ်ဖြစ် breathwork က ကျွန်မရဲ့ စိတ်ကို ငြိမ်သက်အေးချမ်းစေဖို့နဲ့  energy ကို ဟန်ချက်ညီအောင် ထိန်းထားပေးနိုင်ဖို့အတွက် အဓိက အားထားရတဲ့ နည်းလမ်းတစ်ခုဖြစ်လာပါတယ်။

ဒီနည်းလမ်းတွေက ကျွန်မရဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေဖို့ ကူညီပေးပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို သေချာနားထောင်တတ်ဖို့နဲ့ အတင်းအကျပ်လုပ်ယူတာမျိုးမဟုတ်ဘဲ ကိုယ့်အတွက် ကောင်းမွန်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း သိခဲ့ရတယ်။

3. Tech & Devices

ကျွန်မက ရှေးဟောင်းအလေ့အကျင့်တွေနဲ့ ခေတ်မီနည်းပညာတွေကို ပေါင်းစပ်ရတာကို ကြိုက်တယ်။  ဒီစက်ပစ္စည်းတွေက ကျွန်မကို ပြန်ပြီး မြန်မြန်ဆန်ဆန် recovery ဖြစ်အောင်၊ အိပ်ချိန်နဲ့ ကျန်းမာရေးကို ပိုပြီး ကောင်းမွန်အောင် ထိထိရောက်ရောက်ကူညီပေးနိုင်တယ်။

  • Red Light Therapy - ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းကို လှုံ့ဆော်ပေးပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ပါတယ်။

  • CGM (Continuous Glucose Monitor) - ကျွန်မရဲ့ ခန္ဓာကိုယ်က တစ်ချို့ အစားအစာတွေနဲ့ စိတ်ဖိစီးမှု level တွေကို ဘယ်လိုမျိုး တုန့်ပြန်လဲဆိုတာ သိရအောင် CGM ကို တစ်ခါတလေ ဝတ်ဖြစ်တယ်။ တုန့်ပြန်မှုတွေကို စောင့်ကြည့်ရတာက တကယ်စိတ်ဝင်စားဖို့ ကောင်းတယ်။

  • Hyperbaric Oxygen Therapy (HBOT) - healing နဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို မြှင့်တင်ဖို့အတွက် အသုံးပြုပါတယ်။

  • Oura Ring - ကျွန်မရဲ့ အိပ်စက်မှုပုံစံတွေကို စောင့်ကြည့်ဖို့နဲ့ ကောင်းကောင်းမွန်မွန် ပြန်ပြီး recovery ဖြစ်ဖို့အတွက် ကူညီပေးပါတယ်။

  • Healy - ကျွန်မခန္ဓာကိုယ်ရဲ့ energetic field တွေကို ဟန်ချက်ညီစေဖို့နဲ့ ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ကူညီပေးပါတယ်။

  • Chi Machine - သွေးလည်ပတ်မှု အားကောင်းစေပြီး အပန်းပြေစေပါတယ်။

  • Bio Mat -  far-infrared ray တွေကို အသုံးပြုထားတာကြောင့် စိတ်ဖိစီးမှုကို လျှော့ကျစေပြီး သွေးလည်ပတ်မှုအားကောင်းစေပါတယ်။ 

ဒီ tool တစ်ခုချင်းဆီက ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့၊ မြန်မြန်ဆန်ဆန် recovery ဖြစ်စေဖို့...ကျွန်မရဲ့ ကျန်းမာရေးကဏ္ဍတိုင်းအတွက် အရေးကြီးတဲ့နေရာကနေ ကူညီပေးနေပါတယ်။ အဓိကအရေးကြီးတာကတော့ ကိုယ့်ရဲ့ lifestyle နဲ့ ကိုက်ညီတဲ့ tool ကို အရင်ရှာဖွေပြီး တခြား tool တွေကိုလည်း ဖြည်းဖြည်းချင်းအသုံးပြုသွားဖို့ပဲဖြစ်ပါတယ်။


A Powerful Tool To Align My Energy and FOCUS 👇

This little device works on more than just your body - it supports emotional and energetic alignment too. I’ve found it invaluable for managing stress and staying connected with myself. Check out to see how it could work for you 🔓


4. Wellness Treatments

ဒီ treatment တွေက ကျွန်မရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့အပိုင်းကနေ ပါဝင်နေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားဖို့၊ နုပျိုလန်းဆန်းနေစေဖို့နဲ့ ဟန်ချက်ညီအောင် ထိန်းညှိထားနိုင်ဖို့အတွက် ကူညီပေးပါတယ်။

  • ZenCleanse Intestinal Cleanse - ZenCleanse နဲ့ အူလမ်းကြောင်းသန့်စင်တာကို ကျွန်မတစ်ယောက်ထဲကော၊ ကျွန်မရဲ့ mastermind client တွေနဲ့ကော လုပ်လေ့ရှိတယ်။ ဒါက ကျွန်မတို့ရဲ့ အူလမ်းကြောင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အစာခြေစနစ်ကို ပိုပြီးကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးထားနိုင်ပါတယ်။

  • IV Nutrient Therapy - ကိုယ်ခံအားစနစ်နဲ့ energy level တွေကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်ပါတယ်။

  • Ozone Drip Therapy - အဆိပ်အတောက်တွေ ဖယ်ရှားဖို့နဲ့ အောက်ဆီဂျင်အသုံးပြုမှုကို ပိုပြီးကောင်းမွန်အောင် ကူညီပေးပါတယ်။

  • NAD - ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းနဲ့ energy level ကို မြှင့်တင်ပေးနိုင်ဖို့အတွက် NAD infusion တွေကို အသုံးပြုပါတယ်။

ဒီ treatment တွေက ကျွန်မခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့၊ မြန်မြန်ဆန်ဆန်ကောင်းမွန်လာစေဖို့နဲ့ မြင့်မားတဲ့ energy level တွေကို ထိန်းထားနိုင်စေဖို့အတွက် ကူညီပေးပါတယ်။ ပြီးတော့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို cellular level ကနေစပြီး support လုပ်ပေးတဲ့အပြင် ကျွန်မကို အမြဲတမ်း အကောင်းဆုံးလုပ်ဆောင်နိုင်နေအောင်လည်း ကူညီပေးပါတယ်။


 

Cleansing My Gut Has Reset Me Emotionally and Spiritually...

 

ဒီ cleanse က သင့်ရဲ့ အူလမ်းကြောင်းထဲက အညစ်အကြေးတွေကို သန့်စင်စေရုံတင်မဟုတ်ဘဲ စိတ်ကြည်လင်ပြီး တိုးတက်အောင်မြင်ဖို့အတွက် သင့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်မှာ နေရာလွတ်တစ်ခု ဖန်တီးပေးလိုက်တာပဲဖြစ်တယ်။ ကျွန်မ cleanse လုပ်တိုင်း emotionally အရကော၊ spiritually အရကော ပိုပြီး align ဖြစ်လာတယ်လို့ ခံစားရတဲ့အပြင် ကျွန်မရဲ့ reset routine မှာ ZenCleanse က အဓိကအရေးပါတဲ့နေရာကနေ ပါဝင်နေတယ်။


4. Mind-Body Practices 

ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်က ဟန်ချက်ညီညီရှိနေဖို့ဆိုတာ အင်မတန်မှ အရေးကြီးလှပါတယ်။ ဒီအလေ့အကျင့်တွေက ကျွန်မကို စိတ်ဖိစီးမှုတွေ လျော့ကျအောင်၊ ပိုပြီး grounded ဖြစ်စေအောင် ကူညီပေးနိုင်တာကြောင့် ဖြည့်စွက်စာတွေ၊ ရုပ်ပိုင်းဆိုင်ရာအလေ့အကျင့်တွေလိုပဲ မရှိမဖြစ်လိုအပ်ပါတယ်။ 

  • Meditation -  ကျွန်မ ညတိုင်းနီးပါး ပုံမှန်လုပ်လေ့ရှိတဲ့အရာဖြစ်တယ်။ စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်တဲ့အပြင် idea အသစ်တွေ ရရှိအောင်လည်း ကူညီပေးပါတယ်။

  • Breathwork - ရိုးရှင်းပြီး powerful ဖြစ်တဲ့ breathwork က စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်တဲ့အပြင် စိတ်နဲ့ ခန္ဓာကိုယ်ကိုလည်း ဟန်ချက်ညီအောင် ထိန်းထားပေးနိုင်ပါတယ်။

  • Mindfulness - လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ်၊ လက်ရှိပစ္စုပ္ပန်မှာပဲ ရှိနေခြင်းက ကျွန်မကို အားပြန်ပြည့်စေပါတယ်။

  • Dancing - ကခုန်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားတာက စိတ်ခံစားချက်တွေကို ပိုပြီး ကောင်းမွန်လာစေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ့်ကိုယ်နဲ့ ပြန်ပြီးချိတ်ဆက်ပေးနိုင်အောင်လည်း ကူညီပေးပါတယ်။

ဒီအလေ့အကျင့်တွေက ကျွန်မကို slow down လုပ်ဖို့၊ ကိုယ့်ကိုယ့်ကိုယ် check in ဝင်ကြည့်ဖို့၊ ကျွန်မရဲ့ တစ်နေ့တာမှာ စိတ်အေးချမ်းစေတဲ့ အခိုက်အတန့်လေးတွေကို ဖန်တီးဖို့ မမေ့အောင် အမြဲ remind လုပ်ပေးနေပါတယ်။


မြန်မာအမျိုးသမီးများအတွက် Holistic Health Program 

ကိုယ်ဟာ ယုံကြည်မှု၊ energy အပြည့်နဲ့ ကိုယ့် အိပ်မက်တွေကို လွယ်ကူစွာ manifest လုပ်နိုင်တဲ့ powerhouse အမျိုးသမီးတစ်ယောက် ဖြစ်ချင်တယ်။ ကိုယ့်ကျန်းမာရေး၊ hormones နဲ့ စိန်လိုတောက်ပနေတဲ့ ကိုယ့်ရဲ့ best self ကိုဖန်တီးဖို့ အသင့်ဖြစ်နေတဲ့ အမျိုးသမီးဆိုရင် ကျွန်မကိုယ်တိုင် လေ့လာ ပြောင်းလဲထားတဲ့ အရာတွေအကုန်လုံးကို သင်ပေးမဲ့ Fem Flow Program ကိုလာတက်ပါ။ 

ဒီ program ပာာ အမျိုးသမီးတိုင်းတက်သင့်လို့ ကျွန်မ SPECIAL DISCOUNT CODE လုပ်ပေးထားပါတယ်။ ဒီ $600 OFF ရဖို့ ဒီ CODE လေးကိုသုံးပါ။

Original Price $999

SAVE $600 👏

ဒီ CODE "SOUL24" က ဒီနေရာမှာပဲရတာမို့ လွတ်မသွားစေနဲ့နော် 🙏


5. Testing & Monitoring

ကျန်းမာရေးကောင်းမွန်နေအောင်အတွက် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားလို့ရတယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။ ပုံမှန် စစ်ဆေးမှုတွေ လုပ်တာက ကျွန်မရဲ့ ခန္ဓာကိုယ်က ဘယ်လိုမျိုး ပြောင်းလဲနေလဲ၊ ကျွန်မ လုပ်ဆောင်နေတဲ့အရာတွေက မှန်ရဲ့လားဆိုတာ သိရအောင် ကူညီပေးပါတယ်။

  • Genetic Testing - အကြမ်းဖျင်းအားဖြင့် ခြောက်လတစ်ကြိမ်လောက် ကျွန်မရဲ့ ခန္ဓာကိုယ်က ပြောင်းလဲမှုတွေကို ဘယ်လိုမျိုး အလိုက်သင့် တုန့်ပြန်နေလဲဆိုတာသိရအောင် genetic testing ကို လုပ်လေ့ရှိပါတယ်။

  • Hormonal Testing - ကျန်းမာရေး ကောင်းမွန်ပြီး အရာအားလုံး ဟန်ချက်ညီညီရှိမရှိ သိရအောင် ကျွန်မရဲ့ ဟော်မုန်းတွေကို တစ်နှစ်တစ်ကြိမ် စစ်ဆေးလေ့ရှိပါတယ်။


ဒီလို စစ်ဆေးမှုတွေက ကျွန်မကို စိတ်သက်သာရာရစေတဲ့အပြင် ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို ကျွန်မလုပ်ဆောင်နေတဲ့အရာတွေကို ပြောင်းလဲစေနိုင်ဖို့ ကူညီပေးပါတယ်။


Final Thoughts: Your Health, Your Journey

တစ်နေ့တာရဲ့ အဆုံးမှာတော့ ဒီ journey က နေလို့ထိုင်လို့ ပိုပြီးကောင်းအောင်အတွက် လုပ်နေတာတင်မဟုတ်ဘဲ ကိုယ့်ကိုယ့်ကိုယ်နဲ့၊ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်နဲ့ကို နည်းမှန်လမ်းမှန်နဲ့ ချိတ်ဆက်နိုင်ဖို့ပဲဖြစ်တယ်။ အပေါ်မှာ ကျွန်မပြောပြပေးသွားတဲ့ နည်းလမ်းတွေက ကျွန်မရဲ့ ဘဝကို အမှန်တကယ် ပြောင်းလဲစေခဲ့တယ်။ ဒါပေမဲ့ ဒါက နေ့ချင်းညချင်း ပြောင်းလဲခဲ့တာမျိုးမဟုတ်ပါဘူး။ 

ဒီ journey က ကိုယ့်အတွက် ကိုက်ညီတဲ့အရာကို ရှာဖွေရတာဖြစ်တဲ့အတွက် လုပ်နေတဲ့ process တစ်လျှောက်မှာ ကိုယ့်​ကိုယ့်​ကိုယ် ကြင်နာပြီး  တစ်လှမ်းချင်းဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားစေချင်ပါတယ်။

တကယ်လို့ ဘယ်ကနေ စရမှန်းမသိ စိတ်ရှုပ်နေတယ်ဆိုရင် တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်နဲ့ပဲ စပြီး လုပ်ကြည့်ပါ။ ဖြည်းဖြည်းချင်း တစ်လှမ်းချင်းဆီ သွားပါ။ ပုံမှန်လုပ်ဆောင်ပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို နားထောင်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးက ကိုယ့်လက်ထဲမှာပဲ ရှိနေတာဖြစ်လို့ ကြိုးစားရကျိုး နပ်လိမ့်မယ်ဆိုတာ ကျွန်မ အာမခံပါတယ်။ 

ကျွန်မပြောနေကြအတိုင်းပဲ ကျွန်မတို့က တူညီတဲ့ journey တစ်ခုထဲကို ဖြတ်သန်းနေကြတာဖြစ်လို့ကျွန်မလေ့လာထားသမျှ အရာအားလုံးကို အမြဲတမ်း အားလုံးနဲ့ အတူတူ sharing လုပ်ပေးသွားမှာပါ။ 

xo Arabelle


Arabelle is a Speaker, Entrepreneur, creative, CEO, and solo mama. With a background in investment banking, she helps clients in over 110 countries unlock potential and pursue freedom. She lives between Dubai and Perth, believing real change starts from within.


Previous
Previous

Healing Is The Best Contribution

Next
Next

How I Biohacked My Health